
နယူးယောက် ဩဂုတ် ၁၇
ဦးနှောက်သေနေသည့် လူနာ ၏ ကိုယ်ခန္ဓာအတွင်းသို့ မျိုးရိုး ဗီဇပြုပြင်ထားသည့် ဝက်၏ ကျောက်ကပ်ကို အစားထိုးခဲ့ရာ တစ်လကျော်အကြာ ပုံမှန်အတိုင်း အလုပ်လုပ်နေသည်ဟု အမေ ရိကန် ဆရာဝန်အဖွဲ့က ပြောသည်။ နယူးယောက်မြို့မှ ခွဲစိတ်ဆရာဝန် များ ပါဝင်သည့်အဖွဲ့သည် ဩဂုတ် ၁၆ ရက်တွင် ၎င်းတို့၏ တွေ့ရှိ ချက်ကို ထုတ်ပြန်ခဲ့သည်။
တတိယအကြိမ်ဖြစ်
လူနာမိသားစု၏ ခွင့်ပြုချက် အရ အသက် ၅၇ နှစ်အရွယ် ဦးနှောက်သေနေသည့် အမျိုးသား ၏ ခန္ဓာကိုယ်အတွင်း ဝက်၏ ကျောက်ကပ်ကို ခွဲစိတ်ဆရာဝန် များက အစားထိုးခဲ့ခြင်းဖြစ်သည်။ ဝက်၏ ကျောက်ကပ်ကို လူ့ ကိုယ်ခန္ဓာမှ ငြင်းပယ်ခြင်းမပြုစေ ရန်အတွက် မျိုးရိုးဗီဇအရ ပြုပြင် ထားခြင်းဖြစ်သည်။ လူတစ်ဦး၏ ခန္ဓာကိုယ်အတွင်းသို့ မျိုးရိုးဗီဇ ပြုပြင်ထားသည့် ဝက်၏ ကျောက် ကပ်အစားထိုးခြင်းမှာ ယခု တစ်ကြိမ်သည် တတိယအကြိမ် ဖြစ်ပြီး အချိန်ကာလ အကြာဆုံး လည်းဖြစ်သည်ဟု အဆိုပါအဖွဲ့မှ ပြောသည်။ ကျောက်ကပ်၏ အလုပ်လုပ်ပုံကို ဆက်လက် စောင့်ကြည့်သွားမည်ဟု အဆိုပါ အဖွဲ့မှ ပြောသည်။
မျိုးရိုးဗီဇအင်ဂျင်နီယာ ပညာ ရပ်ကိုအသုံးပြုကာ တိရစ္ဆာန်၏ ကိုယ်တွင်းအင်္ဂါကို လူ့ခန္ဓာကိုယ် အတွင်း ပြောင်းထည့်သည့် စမ်းသပ်မှုများကို ကမ္ဘာတစ်ဝန်းရှိ သုတေသန ပညာရှင်များက စမ်းသပ်နေကြသည်။
ပြီးခဲ့သည့် နှစ်ကလည်း အမေရိကန်မှ ဆရာဝန်များသည့် နှလုံးရောဂါရှိသည့် အမျိုးသားကို ဝက်အသည်းဖြင့် အစားထိုးပေးရာ အဆိုပါ အမျိုးသားမှာ နှစ်လခန့် အသက်ရှင်ခဲ့သည်။
အင်န်အိတ်ချ်ကေ