ဥတ္တရသီရိမြို့နယ်၌ ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦးက အသက်မွေးဝမ်းကျောင်း ပညာဒါနသင်တန်းများ ပို့ချပေးပြီး နေ့စဉ်အာဟာရဒါန ပြုလျက်ရှိ

 

နေပြည်တော်   ဩဂုတ်  ၁၃


နေပြည်တော် ဥတ္တရသီရိမြို့နယ်  ဇဝနသိဒ္ဓိ ရပ်ကွက် မန္တလေးလမ်းနှင့် သော်က (၁၇) လမ်းထောင့်ရှိ  ထိုက်သူပန် တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းရှင်  ဦးစိုးလှမြင့်သည် ၎င်း၏ခြံဝင်းအတွင်း    သင်တန်းကျောင်း ဖွင့်လှစ်၍ အသက်မွေးဝမ်းကျောင်းပညာရပ် များကို  ပညာဒါနအဖြစ် အခမဲ့သင်ကြားပေး လျက်ရှိပြီး  ၂၀၂၀  ပြည့်နှစ်    ဩဂုတ်လ ကိုဗစ်ကာလမှစ၍      အခြေခံလူတန်းစား ပြည်သူများအား နေ့စဉ် နံနက်-ညစာ ထမင်း နှင့် ဟင်းလျာများ အာဟာရဒါနပြုနေမှုမှာ လည်း ၂၀၂၂ ခုနှစ် ဩဂုတ် ၈ ရက်တွင် နှစ်နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ 

 


‘‘ကျွန်တော်က  ထိုက်သူပန် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း  လုပ်ကိုင်ပါ တယ်။ ကိုဗစ်ဒုတိယအကျော့က   စပြီးတော့ အလုပ်အကိုင်တွေ ရပ်နားထားလိုက်ရတော့ အခြေခံလူတန်းစားတွေမှာ စားဝတ်နေရေး ခက်ခဲတဲ့ကိစ္စတွေ ပေါ်လာတယ်။ ဒီနားလေး မှာဆိုရင်   လက်ရှိ  ကိုယ့်အစီအစဉ်နဲ့ကိုယ် နေထိုင်တဲ့လူတွေရှိသလို ဒေသအသီးသီးက ယာယီတိုက်ပွဲရှောင်ပြည်သူတွေလည်း ရှိလာ ပါတယ်။  အဲဒီလို စားဝတ်နေရေးခက်ခဲလာတဲ့ အချိန်မှာ အခြားမလိုလားအပ်တဲ့ ပြဿနာ တွေလည်း မရှိရအောင် ဒီလိုမျိုး လှူဒါန်းလာခဲ့  တာ ဩဂုတ် ၈ ရက်မှာ   နှစ်နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ နေ့စဉ် နံနက်စာကို ၁၁ နာရီနဲ့ ညနေစာကို ၅ နာရီခွဲအချိန်မှာ ကျွေးပါတယ်။ ဒီလှူဒါန်းမှုအားလုံးဟာ ကျွန်တော် တိုင်းရင်း ဆေးဝါးရောင်းလို့ရတဲ့ငွေနဲ့   လှူဒါန်းတာ ဖြစ်ပါတယ်’’ဟု ဦးစိုးလှမြင့်က ပြောသည်။ အာဟာရဒါနအဖြစ် တစ်နေ့လျှင် လူ ၂၀၀ ခန့်အား  နေ့စဉ်    ကျွေးမွေးလှူဒါန်းနေရပြီး နှစ်ရက်လျှင် ဆန်တစ်အိတ်နှုန်း    ချက်ပြုတ် ရကြောင်း သိရသည်။

 


ဦးစိုးလှမြင့်အနေဖြင့် ၎င်း၏ခြံဝင်းအတွင်း သင်တန်းကျောင်းဖွင့်လှစ်၍ အသက်မွေးဝမ်း ကျောင်းပညာရပ်များကိုလည်း    ပညာဒါန အဖြစ်   အခမဲ့သင်ကြားပေးလျက်ရှိသည်။ 

 


“အလှူ နှစ်နှစ်ပြည့်တဲ့နေ့မှာ      စက်ချုပ် သင်တန်းကိုလည်း ထပ်မံဖွင့်ပေးထားတယ်။ နှစ်နှစ်မပြည့်ခင်ကလည်း   ယောကျ်ားလေး တွေအတွက်  ဖလင်ပြားနဲ့   စာအုပ်ချုပ်တဲ့ သင်တန်းလေး ဖွင့်ပေးထားတယ်။ စက်ချုပ် သင်တန်းက  စက်   ၁၅ လုံးနဲ့    သင်တန်းသူ ၁၅ ဦးကို နည်းပြတစ်ဦးက သင်ကြားပြသ နေပါတယ်။   ဒီသင်တန်းမှာ     နှစ်လတာ တက်ရောက်ပြီးသွားရင် အထည်ချုပ်စက်ရုံ တွေကို       အလုပ်အကိုင်ရရှိရေးအတွက် ချိတ်ဆက်ပေးမှာဖြစ်ပါတယ်။ ရည်ရွယ်ချက် ကတော့    အသက်မွေးဝမ်းကျောင်းပညာ တတ်မြောက်မှ   လူမှုစီးပွားဘဝပြည့်စုံမှာ ဖြစ်လို့ တစ်နိုင်တစ်ပိုင် ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်’’ဟု ၎င်းက ဆက်ပြောသည်။ 

 


ထို့ပြင် ထိုက်သူပန်၏ အထူးအစီအစဉ် တစ်ရပ်အနေဖြင့်    လူသုံးကုန်ပစ္စည်းများ ဖြစ်သည့် အိတ်ချုပ်လုပ်ငန်းပညာ၊  ဝါးဖြင့် ပြုလုပ်သော  တောင်းရက်လုပ်ငန်းပညာနှင့် ခြင်ထောင်ချုပ်လုပ်သော       လုပ်ငန်းပညာ စသည့်  သက်မွေးဝမ်းကျောင်းပညာရပ်များကိုလည်း   အခမဲ့ပညာဒါန   သင်ကြားပို့ချ ဦးမည်ဖြစ်ကြောင်း၊ ထိုက်သူပန် ကုသိုလ်ဖြစ်   အခမဲ့ဆေးခန်းတစ်ခုကိုလည်း        ၂၀၁၇ အောက်တိုဘာလကတည်းက      ဆရာဝန် နှစ်ဦးဖြင့် ဖွင့်လှစ်၍  လူမျိုးမရွေး၊ ဘာသာ မရွေး၊ လူတန်းစားမရွေး အခမဲ့ကုသမှုပေးနေ ကြောင်း၊ သက်မွေးဝမ်းကျောင်းပညာရပ်များ တက်ရောက်        သင်ကြားလိုသူများအနေဖြင့် ဦးစိုးလှမြင့်  ဖုန်းနံပါတ် ၀၉-၅၁၂၀၅၂၀ သို့ ဆက်သွယ်စာရင်းပေးနိုင်ကြောင်း      သိရ သည်။ 


ကိုပေါက်(ဥက္ကာမြေ)