ဥတ္တရသီရိမြို့နယ်၌ စာသင်ကျောင်းအခြေပြုမီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲကျင်းပ

 

ပုဗ္ဗသီရိ  ဩဂုတ် ၅


ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရသီရိမြို့နယ် မီးသတ်ဦးစီးမှူး ရုံးမှ ဦးစီး၍ စာသင်ကျောင်းအခြေပြုမီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ် Naypyitaw International Science Academy ကျောင်း၌ ကျင်းပ သည်။

 


အဆိုပါဟောပြောပွဲတွင်   ဥတ္တရသီရိမြို့နယ်  မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ  ဦးစိုးသက်နောင်က   မီးလောင်ကျွမ်းခြင်း အခြေခံ သဘောတရားများအကြောင်း၊ မီးသတ်ဆေးဘူး အမျိုးအစားများနှင့် အသုံးပြုပုံများအကြောင်း၊  လူ့ခန္ဓာကိုယ်ပေါ်ရှိ  အဝတ်အစားများကို မီးလောင်ခဲ့လျှင်  အမြန်ဆုံးဆောင်ရွက်ရမည့်အချက်များအကြောင်း၊ မီးလောင်လျှင်လိုက်နာဆောင်ရွက်ရမည့်     အချက်များအကြောင်းနှင့် ကလေးများနှင့် မီးဘေးအန္တရာယ်များအကြောင်းကို ရှင်းလင်းပြောကြား သည်။ ထို့နောက်  မြို့နယ်ဦးစီးအရာရှိ ဦးစိုးသက်နောင်နှင့်  မီးသတ် တပ်ဖွဲ့ဝင်များက ကျောင်းသား ကျောင်းသူများအား မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ပြသခြင်း၊ ဂတ်(စ်)မီးငြှိမ်းသတ်သရုပ်ပြခြင်း၊ စောင်ဖြင့် လူနာထမ်းစင်ပြုလုပ်ခြင်း၊  သယ်ဆောင်ခြင်းများ၊  ရေသန့်ဘူးဖြင့် အသက်ကယ်အင်္ကျီပြုလုပ်ခြင်းများ၊ ပိုလန်နိုင်ငံထုတ် Medium Fire Fighter မီးသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်သရုပ်ပြခြင်း၊ LUF-60 မီးသတ် စက်ရုပ်ဖြင့်  မီးငြှိမ်းသတ်သရုပ်ပြသခြင်း၊   အရေးပေါ်အခြေအနေမှာ အန္တရာယ်ကင်းဇုန်သို့       ထွက်ခွာခြင်းများကို        သရုပ်ပြသခြင်းများ ဆောင်ရွက်ကြသည်။                                        

မျိုးသီဟ(ပြန်/ဆက်)