ဥရောပအာရှစီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဝင်၊ အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး H.E. Mr. Sergei GLAZEV ၏ဇနီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

 

နေပြည်တော်   ဧပြီ   ၁၀
ဥရောပအာရှစီးပွားရေးကော်မရှင်  ဘုတ်အဖွဲ့ဝင်၊    အကြီးစား စီးပွားရေးနှင့်  ပေါင်းစည်းရေးဝန်ကြီး    H.E. Mr. Sergei GLAZEV ၏ဇနီးနှင့် တာဝန်ရှိသူများ သည် ယနေ့နံနက်ပိုင်းတွင်  ပြည်ထောင်စုနယ်မြေ နေပြည်တော်   ဒက္ခိဏသီရိမြို့နယ်ရှိ    ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ     ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များ အနက်  ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့်  မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား    လာရောက်ဖူးမြော် ကြည်ညိုကြသည်။
ဦးစွာမော်ကွန်းတိုက်၌   မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ်ပူဇော်ရခြင်း   ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့် ဖြင့်      အောင်မြင်စွာ      တည်ထားပူဇော်နိုင်ခဲ့မှု၊  ကျောက်စာရုံစေတီတော်များ    တည်ထားဆောင်ရွက်ခဲ့ မှု၊     သာသနာရေးဆိုင်ရာ    အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ  ကျင်းပနိုင်ခဲ့မှုအခြေအနေ များနှင့်       မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာတည်ထားပူဇော်နိုင်ရန်   အဆင့်ဆင့်ဆောင်ရွက်ခဲ့မှုများကို  ရုရှားဘာသာဖြင့်   ဗီဒီယို မှတ်တမ်းကို ပြသသည်။
ထို့နောက် H.E. Mr. Sergei GLAZEV ၏ ဇနီးနှင့် တာဝန်ရှိသူများသည်   မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌  စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက် များအတွင်း၌   လေ့လာကြည့်ရှုကြပြီး   ဗုဒ္ဓဥယျာဉ် တော်အတွင်း တည်ဆောက်ထားရှိသည့် မော်ကွန်း တိုက်၊ ဗိသုကာလက်ရာများဖြင့် ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသည့်  အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီး၊    ကျောက်စာရုံစေတီတော်များ၊    မုစလိန္ဒအိုင်နှင့်   အခြားသာသနိကအဆောက်အအုံ များကို ဆက်လက်ဖူးမြော်လေ့လာကြည်ညိုခဲ့ကြသည်။                                               သတင်းစဉ်