
နေပြည်တော် မတ် ၂၆
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ကို ၂၀၀၉ ခုနှစ်က နိုင်ငံတော် အစိုးရနှင့် ပြည်သူတို့က သဒ္ဓါ တရားထက်သန်စွာ လှူဒါန်း၍ တည်ထားကိုးကွယ်ခဲ့ရာ စေတီ တော်မြတ်ကြီး၏ ကြာနု အောက်ခြေအထိ ရွှေစင်ရွှေပြား များ ကပ်လှူပူဇော်ခဲ့သည်။
စေတီတော်မြတ်ကြီး၏ ဖောင်း ရစ် သုံးခုအနက် အပေါ်ပိုင်း တတိယဖောင်းရစ်နှင့် ဒုတိယ ဖောင်းရစ် ၃ ပေအထိ ဧရိယာ ၂၂၈၀ ဒသမ ၀၃ စတုရန်းပေကို ရွှေစင်ရွှေပြား ၂၅၅၄ ချပ်ဖြင့် လည်းကောင်း၊ ကျန်ရှိနေသော ဒုတိယဖောင်းရစ်ဧရိယာ ၂၂၀၀ ဒသမ ၉၆ စတုရန်းပေကို ရွှေစင် ရွှေပြား ၂၂၃၂ ချပ်ဖြင့် လည်း ကောင်း ကပ်လှူပူဇော်ခဲ့ပြီး ဖြစ် သည်။
ဆက်သွယ်လှူဒါန်းနိုင်
ယခုအခါ တတိယအကြိမ် အဖြစ် ကျန်သော ပထမဖောင်းရစ် ဧရိယာ ၂၆၀၄ စတုရန်းပေကို ရွှေစင်ရွှေပြားများ ကပ်လှူပူဇော် ရန် စီစဉ်လျက်ရှိရာ တစ်ပေ ပတ်လည် ရွှေစင်ရွှေပြားတစ်ချပ် (အလေးချိန် တစ်ကျပ်သား) ၏ ကုန်ကျစရိတ်မှာ ငွေကျပ် ၁၆၀၀၀၀၀ ဖြစ်သဖြင့် ပါဝင် လှူဒါန်း ကုသိုလ်ယူနိုင်ကြောင်းနှင့် ကုသိုလ်ပါဝင် လှူဒါန်းလိုပါက နေပြည်တော် သာသနာရေးမှူး ရုံး(ဖုန်း) ၀၆၇-၅၅၀၁၈၃၊ ဥပ္ပါတ သန္တိစေတီတော် ဂေါပကအဖွဲ့ (ဖုန်း) ၀၆၇-၂၁၂၁၇၊ ၀၉-၅၁၃၅၆၉၈၊ ၀၉-၂၅၀၇၉ ၇၇၇၂၊ ၀၉-၂၅၀၇၉၇၄၇၁၊ ၀၉-၄၉၂၀၄၁၃၀၊ ၀၉-၄၅၂၄ ၇၈၈၉ တို့သို့ ဆက်သွယ်လှူဒါန်းနိုင် ကြောင်း သိရသည်။
သတင်းစဉ်