ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် လုံးတော်ပြည့် ရွှေစင်ရွှေပြားကပ်လှူပူဇော်နိုင်ရေး နှိုးဆော်လွှာ

 

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏     ပထမဖောင်းရစ်ဧရိယာ (၃၄၈၅)စတုရန်းပေအား  ရွှေစင်ရွှေပြားများ  ကပ်လှူပူဇော်လျက်ရှိရာ (၂၃၁၈)စတုရန်းပေဧရိယာအတွက် သာသနာ့နွယ်ဝင် အလှူရှင်များမှ လှူဒါန်းပူဇော်ခဲ့ပြီးဖြစ်ရာ   ဧရိယာ(၁၁၆၇)   စတုရန်းပေအတွက် လှူဒါန်းရန် ကျန်ရှိနေပါသည်။
ရွှေစင်ရွှေပြား(၁)ချပ်  (အရွယ် တစ်ပေ  x  တစ်ပေ၊  အလေးချိန် ရွှေတစ်ကျပ်သား)   ၏   မ,တည်ကုန်ကျစရိတ်မှာ  ၂၅,၀၀,၀၀၀/- (ကျပ်နှစ်ဆယ့်ငါးသိန်းတိတိ)ဖြစ်ပါသည်။
၂၀၂၄ ခုနှစ်၊  ဩဂုတ်လအတွင်း  တတိယအကြိမ်  အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို     ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ သဒ္ဓါကြည်လင်ပါရမီရှင်များမှ    ကြုံတောင့်ကြုံခဲကာလတွင်    ကုသိုလ်ယူ ပါဝင်လှူဒါန်းနိုင်ပါရန်   နိဗ္ဗာန်အကျိုးမျှော်၍   နှိုးဆော်တိုက်တွန်းအပ်ပါသည်။
ဆက်သွယ်ရန်လိပ်စာ
၁။    ဦးမြင့်စိုး၊ ကောင်စီဝင်၊ နေပြည်တော်ကောင်စီ
    ၀၉-၂၆၁၁၇၉၀၀၃
၂။    ဦးမောင်မောင်၊ ဒုတိယမြို့တော်ဝန်
    နေပြည်တော်စည်ပင်သာယာရေးကော်မတီ
    ၀၉-၄၀၄၄၃၄၄၉၉
၃။    ဦးထွန်းကြည်၊ ဂေါပကအဖွဲ့ဝင်၊ ဥပ္ပါတသန္တိစေတီတော်
    ၀၉-၅၁၃၅၆၉၈
၄။    ဥပ္ပါတသန္တိစေတီတော်၊ ဂေါပကအဖွဲ့ရုံး
    ၀၉-၄၄၂၂၅၂၆၇၀
၅။    AYA PAY (Merchant ID. 20044314)
၆။    KBZ PAY (ID.70240001001)