
နေပြည်တော် ဇွန် ၉
(၂၉)ကြိမ်မြောက် ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေ တစ်သက်တာဆု၊ ပခုက္ကူစာပေဆု၊ ပခုက္ကူဦးအုံးဖေ ပညာရည်ချွန်ဆု နှင့် ပခုက္ကူဦးအုံးဖေ စာကြည့် တိုက်စာအုပ်ဆု ချီးမြှင့်ပွဲအခမ်း အနားသို့ တက်ရောက်ကြသည့် စာပေပညာရှင် ဆရာကြီး၊ ဆရာမ ကြီးများသည် ယနေ့ မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးနှင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည် ဆောက်ပူဇော်နေမှုအား လေ့လာ ဖူးမြော်ကြည်ညိုကြသည်။
ရှေးဦးစွာ စာပေပညာရှင် ဆရာကြီး၊ ဆရာမကြီးများသည် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး အား လှည့်လည်ဖူးမြော်ကြည်ညို ကြသည်။
ထို့နောက် ပြည်ထောင်စု နယ်မြေ နေပြည်တော် ဒက္ခိဏ သီရိမြို့နယ် ဗုဒ္ဓဥယျာဉ်တော် အတွင်း တည်ဆောက်ပူဇော်လျက် ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးသို့ရောက်ရှိရာ တာဝန်ရှိ သူတစ်ဦးက မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား တည်ထား ကိုးကွယ်ရသည့် ရည်ရွယ်ချက်၊ တည်ထားကိုးကွယ်ရန် စကျင် ကျောက်တော်ကြီးအား အဆင့်ဆင့် တူးဖော်ခြင်းနှင့် ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းများဖြင့် ပင့် ဆောင်ခဲ့ရမှု၊ ရုပ်ပွားတော်မြတ် ကြီး၏ ဆင်းတုတော်အပိုင်း (၁/၂/၃/၄)တို့အား ထုဆစ်ခြင်း၊ ပလ္လင်တော်အထက်သို့ ပင့်ဆောင် နိုင်ရန် သံမဏိမျှော်စင်ဝန်ချီစက် တည်ဆောက်ခြင်း၊ ရုပ်ပွားတော် မြတ်ကြီးအား ပင့်ထောင်ခြင်းနှင့် ပင့်ဆောင် နေရာချထားခြင်း လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက် ပြီးစီးမှု၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ကြီးနှင့် သာသနိက အဆောက် အဦစိမ်းလန်းစိုပြည် သာယာလှပ စေရေးအတွက် သစ်ပင်၊ ပန်းမန် များ စိုက်ပျိုးဆောင်ရွက်နေမှု၊ သာသနိက အဆောက်အဦများ ဆောက်လုပ်နေမှုနှင့် အဆင့်ဆင့် တိုးတက်လာမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် စာပေပညာရှင်ကြီး များက မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအတွက် စုပေါင်းလှူဒါန်း ငွေကျပ် ၂၁၀၀၀၀ အား လှူဒါန်း ကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်ကြီး အတွင်းရှိ သာသနိကအဆောက် အဦများ တည်ဆောက်ပြီးစီးမှုနှင့် ဆက်လက် တည်ဆောက်နေမှုများ ကို လှည့်လည်လေ့လာကြည့်ရှုကြ သည်။
သတင်းစဉ်