
နေပြည်တော် မတ် ၁၃
နေပြည်တော် ဥပ္ပါတသန္တိ ကုန်းတော်ပေါ်၌ တည်ထား ကိုးကွယ်လျက်ရှိသည့် ဥပ္ပါတ သန္တိ စေတီတော်မြတ်ကြီး၏ ပထမဖောင်းရစ်ဧရိယာ ၃၄၈၅ စတုရန်းပေအား ရွှေစင်ရွှေပြား များ ကပ်လှူပူဇော်နိုင်ရန် ပထမ အကြိမ် အလှူတော်ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် အဆိုပါစေတီတော်မြတ် ကြီး၏ ရင်ပြင်တော်ရှိ ဓမ္မာရုံ၌ ကျင်းပသည်။
အလှူရှင်များ တက်ရောက်
အခမ်းအနားသို့ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦး လွင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင်များ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ နှင့် အလှူရှင်များ တက်ရောက်ကြ သည်။
ငါးပါးသီလခံယူဆောက်တည်
ဦးစွာ ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး၏ ဩဝါဒါစရိယဆရာ တော် လယ်ဝေးမြို့ ပေါက်မြိုင် ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် နေပြည် တော်ကောင်စီဥက္ကဋ္ဌတို့က စေတီ တော်မြတ်ကြီး တွင် ရွှေစင်ရွှေပြား ကပ်လှူပူဇော်နိုင်ရေးနှင့် သာသနာ ရေးဆိုင်ရာများကို လျှောက်ထား ကြသည်။
လက်ခံရယူ
ထို့နောက် ဝန်ကြီးဌာနများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ကုမ္ပဏီများ၊ တစ်ဦးချင်း အလှူရှင်များက အလှူငွေများ လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန် ရှိသူများက လက်ခံရယူကြ ပြီး (ယာပုံ) ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်ကာ လယ်ဝေးမြို့ အင်းသာအရှေ့ ဆရာတော်ထံမှ အနုမောဒနာ တရားနာကြား၍ ရေစက်သွန်း လောင်း အမျှပေးဝေကြသည်။
ယနေ့အထိ အလှူတော်ငွေ လက်ခံရရှိမှုအနေဖြင့် အလှူရှင် ၃၂၁ ဦးမှ ရွှေစင်ရွှေပြား ၆၆၈ ချပ်အတွက် အလှူတော်ငွေ ၁၃၈၇၇၇၉၄၀၀၊ ရွှေဆေးသင်္ကန်း တော်အတွက် ငွေကျပ် ၁၄၅၀၂၁၃၂၃၅ ဒသမ ၄၀ စုစုပေါင်း ငွေကျပ် ၂၈၃၇၉၉၂၆၃၅ ဒသမ ၄၀ (ငွေကျပ် နှစ်သောင်း ရှစ်ထောင်သုံးရာ ခုနစ်ဆယ့် ကိုးသိန်းကိုးသောင်း နှစ်ထောင် ခြောက်ရာ သုံးဆယ့်ငါးကျပ်နှင့် ပြားလေးဆယ်တိတိ) ရရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်