
ပဲခူး သြဂုတ် ၃၀
ဥပဒေရေးရာဝန်ကြီးဌာန နှစ်ပတ်လည် နေ့ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးအစည်း အဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် တိုင်းဒေသ ကြီး ဥပဒေချုပ် ဦးခင်မောင်တင့်က ဥပဒေရေးရာဝန်ကြီးဌာန၏ (၂) နှစ်ပြည့် နှစ်ပတ်လည် မင်္ဂလာအခမ်းအနားဖြစ် ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ၃၀-၈-၂၀၂၂ ရက်နေ့၊ အမိန့် အမှတ်၊ ၁၇၆/၂၀၂၂ ဖြင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးကို ဥပဒေရေးရာဝန်ကြီးဌာန အဖြစ် ပြောင်းလဲသတ်မှတ် ဖွဲ့စည်းခဲ့ ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနတွင် ဝန်ကြီးရုံး၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီး ဌာန၊ ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန၊ တရားစွဲဆိုနှင့် အမှုလိုက်ဦးစီးဌာန၊ ဥပဒေ အသိပညာ ပြန့်ပွားရေးဦးစီးဌာနတို့ရှိပြီး ယခင်ကထက် လုပ်ငန်းတာဝန်များ၊ လုပ်ပိုင်ခွင့်များ ပေါ်ပေါက်လာသည့်ဌာန၊ ဌာနခွဲအသစ်များအတွက် လိုအပ်သည့် အရာရှိ၊ ဝန်ထမ်းများ ဖြည့်ဆည်းပေးနိုင် ခဲ့ကြောင်း၊ လုပ်ငန်းတာဝန်များကိုလည်း အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသည် ကို ဂုဏ်ယူဝမ်းမြောက်စွာ တွေ့ရှိရ ကြောင်း၊ ဥပဒေအရာရှိများ၊ ဝန်ထမ်းများ အနေဖြင့် ဥပဒေပညာသည် အကျင့်ဂုဏ် သိက္ခာနှင့် ပြည့်စုံသော ပညာဖြစ်သည် ဟူသော ဆောင်ပုဒ်အတိုင်း ပြုမူကျင့်ကြံ ဆောင်ရွက်သွားကြရန်နှင့် နောင်နှစ် များတွင်လည်း ယခုထက်ပိုမို ခမ်းခမ်း နားနား ကျင်းပဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာန ၏ (၂) နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်း အမှတ် အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်နှင့် ညွှန်ကြားရေးမှူးချုပ်များ၏ ပြောကြား သည့် မိန့်ခွန်းဗီဒီယို မှတ်တမ်းနှင့် ဥပဒေရေးရာဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လမှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လထိ နှစ်နှစ်တာ လုပ်ငန်းဆောင်ရွက်မှုနှင့် မှတ်တမ်းကို Video Clips ပြသခြင်း၊ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂုဏ်ပြု မွေးနေ့ကိတ်ခွဲခြင်း၊ တိုင်းဒေသကြီးဥပဒေ ချုပ်ရုံး၊ ပဲခူးခရိုင်နှင့် ပဲခူးမြို့နယ်ရုံးတို့ရှိ ဝန်ထမ်းများအား တိုင်းဒေသကြီးဥပဒေ ချုပ်နှင့် တိုင်းဒေသကြီးဥပဒေအရာရှိတို့က ငွေကျပ် ၂၃ သိန်းကျော် တန်ဖိုးရှိ ဗလာ မပါ ကံစမ်းမဲများ ဖွင့်ဖောက်ပေးခဲ့ပြီး အစားအသောက်များဖြင့် ဧည့်ခံခဲ့ကြောင်း သိရသည်။
ကိုတွတ်(ပြန်/ဆက်)