ဥပဒေရေးရာဝန်ကြီးဌာနမှ အင်္ဂလိပ်-မြန်မာဥပဒေဝေါဟာရအဘိဓာန်  (THE ENGLISH-MYANMAR LAW DICTIONARY) စာအုပ်ထုတ်ဝေ


 

နေပြည်တော် စက်တင်ဘာ    ၂၁


ဥပဒေရေးရာဝန်ကြီးဌာနသည် ဥပဒေသမား များအတွက် လက်စွဲစာအုပ်အဖြစ် ကိုင်ဆောင်ထား ရှိရမည့် အင်္ဂလိပ်-မြန်မာဥပဒေ ဝေါဟာရအဘိဓာန် (THE ENGLISH-MYANMAR LAW DICTIONARY) ကို ထုတ်ဝေပြီးဖြစ်သည်။
အဆိုပါ   အဘိဓာန်စာအုပ်တွင်   အင်္ဂလိပ် ဝေါဟာရ   စကားလုံး ၄၃၉၈ လုံး၏ ဥပဒေဆိုင်ရာ မြန်မာအဓိပ္ပာယ်များကို  စုစည်းဖော်ပြထားပြီး ဝေါဟာရများကို   ဥပဒေရေးရာဝန်ကြီးဌာနက ဘာသာပြန်ဆိုထားခြင်းဖြစ်၍   တရားဝင်ရည်ညွှန်း ကိုးကားနိုင်သည့်  စာအုပ်ဖြစ်သည်။
ဥပဒေပညာလေ့လာသူများ၊ ဥပဒေသမားများ အတွက်  အဖိုးတန်သောစာအုပ်ကောင်းတစ်အုပ် ဖြစ်ကြောင်း  သိရသည်။                  
  သတင်းစဉ်