ဥပဒေရေးရာဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်၊ ဥပဒေများစာအုပ်ထုတ်ဝေ

 

နေပြည်တော်   မေ     ၇


ဥပဒေရေးရာဝန်ကြီးဌာနသည် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ  ဥပဒေအသိပညာ  ပြန့်ပွားရေးလုပ်ငန်းများကို       ဆောင်ရွက်လျက်ရှိပြီး ပြည်ထောင်စု ရှေ့နေချုပ်ဥပဒေပုဒ်မ ၃၅ အရ ဥပဒေ စာအုပ် များ၊ ဥပဒေလက်စွဲစာအုပ်များ ပြုစုခြင်းနှင့်   ထုတ်ဝေခြင်းများကို သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်လျက်ရှိရာ နှစ်စဉ်ပြဋ္ဌာန်း ခဲ့သော ဥပဒေများကို စုစည်း၍ နှစ်အလိုက် ဥပဒေစာအုပ်များ   ထုတ်ဝေခဲ့ပြီး ယခုအခါ ၂၀၂၃ ခုနှစ်၊ ဥပဒေများစာအုပ်ကို ထုတ်ဝေပြီးဖြစ်သည်။
၂၀၂၃   ခုနှစ်၊  ဥပဒေများစာအုပ်သည် ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီက ပြဋ္ဌာန်းခဲ့သော ဥပဒေ  များကို စုစည်း၍   စာအုပ်ထုတ်ဝေခြင်းဖြစ်ပြီး   စာအုပ်တွင်  ဥပဒေပေါင်း (၅၆) ခု ပါဝင်သည်။
အဆိုပါ   ၂၀၂၃  ခုနှစ်၊  ဥပဒေများ စာအုပ်သည် တရားဝင် ရည်ညွှန်းကိုးကားနိုင်သည့် စာအုပ်ဖြစ်ပြီး ဥပဒေပညာရှင် များ၊ ရှေ့နေရှေ့ရပ်များနှင့် ဥပဒေပညာ လေ့လာလိုသူများ အတွက်   အသုံးဝင် သော  စာအုပ်ကောင်းတစ်အုပ် ဖြစ်သည့် အပြင် စာကြည့်တိုက်များတွင် ထားရှိသင့်သည့် စာအုပ်တစ်အုပ် ဖြစ်ကြောင်း သိရှိရသည်။                                  သတင်းစဉ်