ဥပဒေရေးရာဝန်ကြီးဌာနက ၂၀၂၂ ခုနှစ် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ကြေညာချက်များစာအုပ်ထုတ်ဝေ

 

နေပြည်တော်    ဇူလိုင်   ၄


ဥပဒေရေးရာဝန်ကြီးဌာနသည်      နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန် ချက်နှင့်အညီ    ဥပဒေအသိပညာပြန့်ပွားရေး လုပ်ငန်းများကို         ဆောင်ရွက်လျက်ရှိပြီး ပြည်ထောင်စုရှေ့နေချုပ် ဥပဒေပုဒ်မ ၃၅ အရ ဥပဒေစာအုပ်များ၊ ဥပဒေလက်စွဲစာအုပ်များ ပြုစုခြင်းနှင့် ထုတ်ဝေခြင်းများကို သတ်မှတ် ချက်နှင့်အညီ   ဆောင်ရွက်လျက်ရှိရာ    နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီမှ ထုတ်ပြန် ခဲ့သော  အမိန့်များနှင့်  ပြည်ထောင်စုဝန်ကြီး ဌာနများမှ     နှစ်စဉ်    ထုတ်ပြန်လျက်ရှိသော နည်းဥပဒေများ၊     လုပ်ထုံးလုပ်နည်းများကို စုစည်း၍    နှစ်အလိုက်   နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ကြေညာချက် များ   စာအုပ်ကို  ထုတ်ဝေခဲ့ရာ  ယခုအခါ   ၂၀၂၂ ခုနှစ် နည်းဥပဒေများ၊  လုပ်ထုံးလုပ်နည်း၊    အမိန့်နှင့်   ကြေညာချက်များကို   စုစည်း၍  စာအုပ်ထုတ်ဝေပြီးဖြစ်သည်။


“၂၀၂၂  ခုနှစ်  နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်း၊    အမိန့်နှင့်     ကြေညာချက်များ” စာအုပ်သည်  ၂၀၂၂  ခုနှစ်အတွင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက       ထုတ်ပြန်ခဲ့ သော     အမိန့်များနှင့်        ပြည်ထောင်စုဝန်ကြီး ဌာနများက ထုတ်ပြန်ခဲ့သော နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကိုစုစည်း၍  စာအုပ် ထုတ်ဝေခြင်းဖြစ်ပြီး စာအုပ်တွင် နည်းဥပဒေ (၉)   ခု၊  လုပ်ထုံးလုပ်နည်း  (၃)  ခု၊  အမိန့် ပေါင်း  (၈၀)  နှင့်  ကြေညာချက်  (၃)  ခုတို့ ပါဝင်သည်။


အဆိုပါ  “၂၀၂၂    ခုနှစ်    နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ကြေညာချက် များ”    စာအုပ်သည်      တရားဝင်ရည်ညွှန်း ကိုးကားနိုင်သည့်    စာအုပ်ဖြစ်ပြီး     ဥပဒေ ပညာရှင်များ၊ ရှေ့နေရှေ့ရပ်များနှင့် ဥပဒေ  ပညာလေ့လာလိုသူများအတွက်    အသုံးဝင် သော     စာအုပ်ကောင်း    တစ်အုပ်ဖြစ်သည့် အပြင်   စာကြည့်တိုက်များတွင်  ထားရှိသင့် သည့်   စာအုပ်တစ်အုပ်ဖြစ်ကြောင်း   သိရှိ ရသည်။


သတင်းစဉ်