
နေပြည်တော် ဩဂုတ် ၃၀
ဥပဒေရေးရာဝန်ကြီးဌာန၏ (၃)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်း အနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ဥပဒေရေးရာဝန်ကြီး ဌာန မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် ဥပဒေရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦးက ဥပဒေ ရေးရာဝန်ကြီးဌာနနှင့် ဥပဒေရုံး အဆင့်ဆင့်ရှိ အရာထမ်း၊ အမှု ထမ်းများအားလုံး စိတ်၏ချမ်းသာ ခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ၊ ကောင်းကျိုး လိုအပ်ဆန္ဒများပြည့်ဝကြပါစေလို့ ဦးစွာဆုမွန်ကောင်း တောင်းပေး လိုကြောင်း၊ ဥပဒေရေးရာဝန်ကြီး ဌာန၏ (၃)နှစ်မြောက် နှစ်ပတ်လည် နေ့အခမ်းအနားကို ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများနှင့်အတူ ကျင်းပရသဖြင့် ဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊ ယနေ့ ကျရောက်သည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို နေပြည်တော်ရှိ ဝန်ကြီးဌာနနှင့်အတူ တိုင်းဒေသ ကြီး/ ပြည်နယ် ဥပဒေချုပ်ရုံးများ တွင်လည်း တစ်ပြိုင်တည်းကျင်းပ ကြမည်ဖြစ်သဖြင့် လွန်စွာ ဝမ်းမြောက်မိပါကြောင်း၊ ဝန်ကြီး ဌာနရှိ ဌာနအသီးသီးနှင့်အဆင့် အဆင့်သော ဥပဒေရုံးများမှ ဥပဒေအရာရှိများ၊ အရာထမ်း၊ အမှုထမ်းများမှ မိမိတို့လုပ်ငန်း တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြသဖြင့် လုပ်ငန်း များ အောင်မြင်စွာပြီးမြောက် လျက်ရှိပြီး အမြဲဂုဏ်ယူရပါ ကြောင်း၊ ဥပဒေအရာရှိများ၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ ဝန်ကြီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များကို အကောင် အထည်ဖော် ဆောင်ရွက်ကြရာ တွင် တာဝန်သိစိတ်အပြည့်ဖြင့် တစ်စိတ်တစ်ဝမ်းတည်း စုပေါင်း ၍ ဆောင်ရွက်သွားကြရန်နှင့် ဝန်ကြီးဌာန၏ ဆောင်ပုဒ်နှင့်အညီ ပြောဆိုကျင့်ကြံ နေထိုင်ဆောင် ရွက်သွားကြရန် တိုက်တွန်းလို ကြောင်းနှင့် နောင်နှစ်များတွင် လည်း ယခုနှစ်ထက် ပိုမို ကောင်းမွန်စွာ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောကြား သည်။
ဆက်လက်၍ ဥပဒေရေးရာ ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေချုပ်ရုံးအဆင့်ဆင့် ၏ သုံးနှစ်တာ လှုပ်ရှားဆောင်ရွက်မှု Video မှတ်တမ်းများကို ကြည့်ရှု ကြပြီး ဝန်ကြီးဌာနမှ ဝန်ထမ်းများ ၏ အကအလှတို့ဖြင့် ကပြဖျော်ဖြေ ကြသည်။ ယင်းနောက် ဥပဒေ ရေးရာဝန်ကြီးဌာနတွင် တာဝန် ထမ်းဆောင်နေကြသည့် အရာ ထမ်း၊ အမှုထမ်း ၅၅၀ အတွက် ဦးစီးဌာနများအလိုက် ဗလာမပါ ကံစမ်းမဲများ၊ အထူးမဲများပြုလုပ် ၍ လက်ဆောင်ပစ္စည်းများပေးအပ် ပြီး ပြည်ထောင်စုဝန်ကြီး နှင့် ပြည်ထောင်စုရှေ့နေချုပ်အပါ အဝင် ရုံးအကြီးအမှူးများက အရာ ထမ်း၊ အမှုထမ်းများ အားလုံးနှင့် အတူ နေ့လယ်စာ သုံးဆောင်ခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်