ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံပွဲကျင်းပ

 

တောင်ကြီး    ဒီဇင်ဘာ    ၂၄
ပြည်သူကို ဥပဒေဝန်ဆောင်မှုပေးနိုင်ရေးနှင့် ဥပဒေ နှင့်အညီ မှန်ကန်စွာ အလုပ်အကျွေးပြုနိုင်ရေးအတွက် ခရိုင်အသစ်များဖွဲ့စည်းပြီး လုပ်ငန်းများ အောင်မြင် ပြီးမြောက်စွာ ဆောင်ရွက်နိုင်ရန် ခရိုင်ရုံးအဆောက် အအုံများ     အဆင်ပြေစေရေးကိစ္စနှင့်စပ်လျဉ်း၍ ဥပဒေရေးရာဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး၊   ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် ဒီဇင်ဘာ   ၂၂  ရက်  နံနက်ပိုင်းက  ရှမ်းပြည်နယ် (တောင်ပိုင်း)  ကလောခရိုင် ဥပဒေရုံးသို့လည်းကောင်း၊   မွန်းလွဲ   ၂  နာရီတွင် တောင်ကြီးခရိုင်ဥပဒေရုံးရှိ     ဥပဒေအရာရှိများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင်   ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်က   ဥပဒေရေးရာဝန်ကြီး ဌာန၏ လက်ရှိနှင့်မျှော်မှန်းလုပ်ဆောင်ချက်များ၊ ဥပဒေနှင့်အညီ   ဥပဒေအကြံဉာဏ်များပေးခြင်း၊ အမှုလိုက်ပါဆောင်ရွက်ခြင်း၊   လာဘ်ပေးလာဘ်ယူကိစ္စများကင်းရှင်းရေး၊ ရုံးစာများ၊ Zoom အစည်း အဝေးများ လုံခြုံစွာဆောင်ရွက်ရေး၊  Online ဆိုင်ရာ ကိစ္စများနှင့် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာများကို မှာကြားသည်။
အဆိုပါ   တွေ့ဆုံပွဲသို့    ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်       ဒေါက်တာသီတာဦး၊ ရှမ်းပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ရှမ်းပြည်နယ် ဥပဒေအရာရှိ    ဦးအေးလွင်၊   ကလောခရိုင်နှင့် တောင်ကြီးခရိုင်အတွင်းရှိ     ဥပဒေအရာရှိများ တက်ရောက်ကြကြောင်း သိရသည်။
စိုးလင်း(တောင်ကြီး)