ဥပ‌ဒေရေးရာဝန်ကြီးဌာန နှစ်သစ်ကူးအန္တရာယ်ကင်းပရိတ်တရားတော်များ နာယူခြင်းနှင့် ဇီဝိတဒါန ဘေးမဲ့ငါးလွှတ်ပွဲများ ကျင်းပ

 

နေပြည်တော်   ဧပြီ   ၁၇


ဥပဒေရေးရာ   ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက် ရှိကြ သော   အရာထမ်း၊   အမှုထမ်း မိသားစုများ၏   မြန်မာနှစ်ဆန်း ၁  ရက်နေ့ အန္တရာယ်ကင်းပရိတ် တရားတော်များ         နာယူသည့် အခမ်းအနားကို ယနေ့   မွန်းလွဲ ၁ နာရီတွင် ရုံးရှေ့ပရဝဏ်မုခ်ဦး၌ ကျင်းပရာ ရှေးဦးစွာ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်   ဇောတိက ပါလ  ကျောင်းတိုက်ဆရာတော် ဦးပညာဝံသထံမှ ကြွရောက်လာ သော   ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး၊    ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်   ဦးစန်းလွင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့်     ညွှန်ကြားရေးမှူးများက   ငါးပါး သီလ ခံယူဆောက်တည်ကြသည်။ 

 


ထို့နောက်  ပင့်သံဃာတော် အရှင်သူမြတ်တို့က     အန္တရာယ် ကင်း   ပရိတ်တရားတော်များ ဆက်လက်ချီးမြှင့်ပြီး         ကမ္မဝါစာ များကို   ရွတ်ဖတ်သရဇ္ဈယ်ကြ သည်။

 


ဆက်လက်၍ ပင့်သံဃာတော် အရှင်သူမြတ်တို့အား ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေ ချုပ် အမှူးပြုသော ဧည့်ပရိသတ် အပေါင်းတို့က        လှူဖွယ်ဝတ္ထု ပစ္စည်းများကို ဆက်ကပ်လှူဒါန်း ကြပြီး ရေစက်သွန်းချ အမျှပေးဝေ ခဲ့ကြသည်။

 


ထို့နောက်     ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့က        ဇီဝိတဒါန အဖြစ် ရုံးအဝင်လမ်းရှိ တစ်ဖက် ပိတ်ဆည်အတွင်းသို့   ငါးသား ပေါက်များကို  ဘေးမဲ့လွှတ်ပေးခဲ့ ကြောင်း သိရသည်။

 
 သတင်းစဉ်