ဥပဒေရေးရာဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

 

နေပြည်တော်  ဇူလိုင်  ၆


၂၀၂၃ ခုနှစ် ဥပဒေရေးရာဝန်ကြီးဌာန၏  မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ခြင်းအခမ်း အနားကို ယနေ့   နံနက်ပိုင်းတွင် သတ်မှတ်နေရာများ၌   ကျင်းပသည်။
ငါးမျိုးစိုက်ထည့်
ဦးစွာ  ဥပဒေရေးရာဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီးနှင့်    ပြည်ထောင်စုရှေ့နေချုပ်   ဒေါက်တာ သီတာဦးသည်  ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန် ရှိသူများနှင့်အတူ ငါးသားပေါက် ကောင်ရေ ၃၀၀၀ ကို   ရုံးအဝင်လမ်းရှိ   တစ်ဖက်ပိတ်ဆည်အတွင်း ငါးမျိုးစိုက်ထည့်ပေးကြသည်။ 
ထို့နောက်  သစ်ပင်စိုက်ပျိုးပွဲကို   ဆက်လက် ကျင်းပရာ   သတ်မှတ်နေရာ၌    ပြည်ထောင်စုဝန်ကြီးက  ကံ့ကော်ပင်ကို စိုက်ပျိုးပေးပြီး ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများက  ကံ့ကော်၊ ခရေ၊ သပြေ၊ ကျွန်း၊ ငု၊ ပျဉ်းမနှင့် တပေဘူတပင်တို့ကို   သတ်မှတ် မြေ နေရာများ၌ စိုက်ပျိုးပေးကြသည်။
ကြည့်ရှုအားပေး 
ယင်းနောက်        ပြည်ထောင်စုဝန်ကြီးနှင့်      ပြည်ထောင်စုရှေ့နေချုပ်သည်   သစ်ပင်စိုက်ပျိုးပေး နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း၊ စုစုပေါင်းသစ်ပင် ၁၄၀ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်