
နေပြည်တော် မတ် ၂၂
ဥပဒေရေးရာဝန်ကြီးဌာန နေပြည်တော်တွင် တာဝန် ထမ်းဆောင်လျက်ရှိကြသော အရာထမ်း၊ အမှုထမ်း များကို ၂၀၂၄ ခုနှစ် မဟာသင်္ကြန်ကာလအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လုပ်ငန်းတာဝန်များကို ကျေပွန်စွာဆောင်ရွက်နိုင်
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာ သီတာဦးက မဟာသင်္ကြန် ကာလအတွင်း အရာထမ်း၊ အမှုထမ်းများအနေဖြင့် နှစ်ဟောင်းကာလကို ပြန်လည်သုံးသပ်၍ မိမိ အတွက်၊ မိမိပတ်ဝန်းကျင်အတွက်နှင့် တိုင်းပြည်နှင့် လူမျိုးအတွက် အကျိုးရှိစေမည့် အကြံအစည်၊ အပြောအဆို၊ အလုပ်အကိုင်များ ဆောင်ရွက်ကြရန် လိုကြောင်း၊ နှစ်ဟောင်းက အညစ်အကြေးမှန်သမျှ ကို ကိုယ်ရောစိတ်ပါ စင်ကြယ်သန့်ရှင်းပြီး နှစ်သစ် တွင် မိမိတို့၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ဆောင်ရွက်နိုင်ကြပါစေကြောင်း၊ ဆုမွန်ကောင်း တောင်းပါကြောင်း၊ အရာထမ်း၊ အမှုထမ်းများ အနေဖြင့် တရားဘာဝနာ အားထုတ်နိုင်ရန်၊ ကုသိုလ်ကောင်းမှုများ ပြုလုပ်လှူဒါန်းနိုင်ရန်၊ အခြား လူမှုရေးကိစ္စများ ဆောင်ရွက်နိုင်ရန် အထောက်အပံ့ ဖြစ်စေရန်အလို့ငှာ ဝန်ကြီးဌာနမှ ထောက်ပံ့ငွေ ပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထောက်ပံ့ငွေများပေးအပ်
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးနှင့် ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာ ထိန်လင်းဦးတို့က ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များအား မိမိတို့ဦးစီးဌာနများရှိ အရာထမ်း၊ အမှုထမ်းများကို ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်သည့် ညွှန်ကြားရေးမှူး တစ်ဦးက ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ ဝန်ထမ်း များကိုယ်စား ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
တက်ရောက်
အခမ်းအနားသို့ ဥပဒေရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြား ရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက် ကြသည်။
သတင်းစဉ်