ဥပဒေရေးရာဝန်ကြီးဌာန စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းပွဲကို ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်ရုံး၌ ကျင်းပ

 

ပဲခူး   မတ်  ၂၃
ဥပဒေရေးရာဝန်ကြီးဌာန စတုတ္ထ အကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင်        ပြည်ထောင်စုဝန်ကြီး နှင့်   ပြည်ထောင်စုရှေ့နေချုပ်၏ ညွှန်ကြားချက်များအား  ထပ်ဆင့် ရှင်းလင်းပွဲကို ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ ၌   ယနေ့ မွန်းလွဲပိုင်းက  ကျင်းပ သည်။
ရှင်းလင်းပွဲတွင်   တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင်၊    တိုင်းဒေသ ကြီးဥပဒေချုပ်     ဦးခင်မောင်တင့် က  “ဥပဒေအရာရှိများအနေဖြင့် မိမိတို့     လုပ်ငန်းတာဝန်များကို ဥပဒေညွှန်ကြားချက်များနှင့်အညီ     မှန်ကန်မြန်ဆန်စွာ   ဆောင်ရွက် ရေး၊   အဂတိတရားကင်းရှင်းစေ ရေး၊   နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊    ဦးတည်ချက် (၁၂) ရပ် တို့ကို အလေးထားလိုက်နာရေး၊    မိမိဒေသရှိ    စီမံအုပ်ချုပ်ရေးအဖွဲ့ များ၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ် ၍  နယ်မြေလုံခြုံရေး၊  အေးချမ်း သာယာရေး၊  ဖွံ့ဖြိုးတိုးတက်ရေး အတွက်      ဆောင်ရွက်ကြရန်” စသည်ဖြင့် ပြည်ထောင်စုဝန်ကြီး နှင့်   ပြည်ထောင်စုရှေ့နေချုပ်၏     ညွှန်ကြားချက်များကို  ထပ်ဆင့် ရှင်းလင်းသည်။
ထို့နောက် တက်ရောက်လာ ကြသည့်    ဥပဒေအရာရှိများက ဆွေးနွေးတင်ပြလိုသည့် အချက် များကို     ဆွေးနွေးတင်ပြကြပြီး တိုင်းဒေသကြီးဥပဒေချုပ်က နိဂုံး ချုပ်စကား   ပြောကြားခဲ့ကြောင်း သိရသည်။   ကိုတွတ်(ပြန်/ဆက်)