ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးနှင့် အိမ်ထောင်စုလူဦးရေစာရင်းတို့ကို ရရှိကိုင်ဆောင်ထားစေလို

 

ထားဝယ်   နိုဝင်ဘာ  ၅


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန  ထားဝယ် မြို့နယ်ဦးစီးမှူးရုံးက ပန်းခင်းစီမံ ချက်ဖြင့်     ဆောင်ရွက်လျက်ရှိ သည့်        အိမ်ထောင်စုလူဦးရေ စာရင်းနှင့်    နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲ အခမ်အးနား ကို    ယနေ့နံနက်   ၉  နာရီက တနင်္သာရီ    တိုင်းဒေသကြီး ထားဝယ်မြို့      မြို့တော်ခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားတွင် တနင်္သာရီ တိုင်းဒေသကြီး    ဝန်ကြီးချုပ် ဦးမြတ်ကိုက   ပန်းခင်းစီမံချက် ဖြင့်     ထားဝယ်မြို့     ထိန်သစ် ရပ်ကွက်တွင်   ၁၀  ရက်ကြာ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး   နိုင်ငံ သားကတ်နှင့်    အိမ်ထောင်စု လူဦးရေစာရင်းတို့ကို   ပေးအပ် မည့် အခမ်းအနားဖြစ်ပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း နေထိုင်ကြသည့် ပြည်သူများအား ဥပဒေနှင့်အညီ ကိုင်ဆောင်သင့် သည့် ကတ်တစ်မျိုးမျိုးနှင့် အိမ် ထောင်စု    လူဦးရေစာရင်းတို့ကို  ရရှိကိုင်ဆောင်ထားစေလိုကြောင်း၊ ပန်းခင်းစီမံချက်နှင့်  ပတ်သက်၍ သက်ဆိုင်ရာ     ခရိုင်၊   မြို့နယ်၊  ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး မှူးများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း လုပ်ကိုင်  ဆောင်ရွက်ပေးစေလို ကြောင်း၊ မှတ်ပုံတင်လုပ်ငန်းများ တွင် နိုင်ငံတော်က သွေးစစ်ခြင်း၊ ဓာတ်ပုံရိုက်ခြင်း  လုပ်ငန်းများ၌  အခကြေးငွေမယူဘဲ ဆောင်ရွက် ပေးလျက်ရှိကြောင်း၊     မကြာခင် ကာလအတွင်း   ရွေးကောက်ပွဲ ပြုလုပ်မည်  ဖြစ်သောကြောင့် အများပြည်သူ       လက်ထဲတွင် မှတ်ပုံတင်   ကတ်ပြားရှိနေမှသာ လျှင်ဆန္ဒမဲပေးရမည်ဖြစ်သည့် အတွက်   နိုင်ငံသားအခွင့်အရေး မဆုံးရှုံးရလေအောင်    ပြုလုပ် ထားစေလိုကြောင်း၊   တိုင်းဒေသ ကြီး            လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့်ရပ်ကွက်/ကျေးရွာ  အုပ်ချုပ်ရေး မှူးများ          ပေါင်းစပ်ညှိနှိုင်းပြီး ကွင်းဆင်း  ဆောင်ရွက်ပေးနေ သောကြောင့် လူတိုင်းလက်ထဲတွင် မှတ်ပုံတင်ကတ်ပြား ကိုင်ဆောင် နိုင်လိမ့်မည်ဟုယုံကြည်မိကြောင်း ပြောကြားသည်။

 


ထို့နောက်    တိုင်းဒေသကြီး ဝန်ကြီးချုပ်   ဦးမြတ်ကို၊    တိုင်း ဒေသကြီး    တရားလွှတ်တော် တရားသူကြီးချုပ်  ဒေါ်ပိုက်ပိုက် အေး၊ တိုင်းဒေသကြီး ဝန်ကြီးများ က ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ် ရေးကတ်ပြား (၃)က ၃၂၄ ခု ၊ (၁၈)နှစ်ပြည့် ၆(က)၁၀၉ ခု၊ လဲလှယ် ၉၆ ခု ၊ မိတ္တူ ၇၁ ခု နှင့်အိမ်ထောင်စု လူဦးရေစာရင်းပုံစံ  (ဃ)  ဖြင့် အိမ်ထောင်စု(၁)ခု ၊ ပုံစံ(ဂ)ဖြင့်     အိမ်ထောင်စုခုနစ်ခု၊ အိမ်ထောင်စု လူဦးရေစာရင်း ၃၆ ခု၊ အိမ်ထောင်စု လူဦးရေစာရင်း(မိတ္တူ) ၂၂၃ ခုတို့ ကို ပြည်သူများအား ပေးအပ်ခဲ့ ကြောင်း  သိရသည်။


တိုင်းဒေသကြီး
(ပြန်/ဆက်)