
နေပြည်တော် ဇွန် ၂၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင်အဖွဲ့အစည်း အမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်း များအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက် လာသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများဖြင့် ဝင်ရောက်လာသူများကို ဆုကြေးငွေများ သီးသန့်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
ယင်းသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ သတင်း ထုတ်ပြန်ဖိတ်ခေါ်လျက်ရှိသဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအတွင်း သင်တန်း များ တက်ရောက်ခဲ့ပြီး ပြစ်မှု ကျူးလွန်ခြင်းမရှိသည့် ဥပဒေ ဘောင်အတွင်း ဝင်ရောက်လာ သော PDF အဖွဲ့ဝင်များအား ပြန်လည်လက်ခံ၍ ၎င်းတို့၏ မိဘ အုပ်ထိန်းသူများထံ ပြန်လည် လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ နယ်မြေခံ တပ်ရင်းခန်းမ၌ ပြုလုပ် ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် မှ တာဝန်ရှိသူများ၊ လားရှိုးမြို့နှင့် နောင်ချိုမြို့တို့မှ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြန်လည် အလင်းဝင်လာသည့် PDF များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တာဝန်ရှိသူများက နယ်မြေဒေသ တည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေဆိုင်ရာပုဒ်မ များကို ရှင်းလင်းဆွေးနွေး ပြော ကြားသည်။ ထို့နောက် ဥပဒေ ဘောင်အတွင်း ပြန်လည်ဝင်ရောက် ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့ သော ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့မှ PDF အဖွဲ့ဝင် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့အား တာဝန်ရှိသူများက ထောက်ပံ့ငွေများနှင့် ထောက်ပံ့ ပစ္စည်းများကို ပေးအပ်ကြပြီး ဝန်ခံကတိ လက်မှတ်ရေးထိုးစေ ကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူ များထံသို့ လွှဲပြောင်းပေးအပ်သည်။
ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီမှ ဥပဒေဘောင် အတွင်း ဝင်ရောက်လာသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ် သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက် ပေးကာ လက်နက်/ခဲယမ်းများ ပါရှိမှုအတွက် ဆုကြေးငွေများ ထိုက်ထိုက်တန်တန် ထောက်ပံ့ပေးအပ်လျက်ရှိခြင်းကြောင့် ဥပဒေ ဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိ နေသေးကြောင်း သိရှိရပြီး ဥပဒေ ဘောင်အတွင်း ပြန်လည်ဝင်ရောက် လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့ လာပါက ကြိုဆိုလက်ခံပေးသွား မည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေ များပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သတင်းစဉ်