
နေပြည်တော် နိုဝင်ဘာ ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါ အဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက် ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင် အတွင်းသို့ ဝင်ရောက်လာသူများကို လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းနှင့် လက်နက်/ ခဲယမ်းများပါရှိမှုအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားရှိပြီးဖြစ်ရာ ယနေ့တွင် ပြစ်မှုကျူးလွန် ခြင်းမရှိသော PDF အဖွဲ့မှ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူ များထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို အရှေ့ ပိုင်းတိုင်း စစ်ဌာနချုပ် သံလွင်ခန်းမ၌ ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တိုင်းမှူး ဗိုလ်ချုပ်လှမိုးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
လွှဲပြောင်းပေးအပ်
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေဆိုင်ရာပုဒ်မများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်း မရှိသော ရှမ်းပြည်နယ်(တောင်ပိုင်း) ရွာငံမြို့နယ်မှ PDF အဖွဲ့ဝင် အမျိုးသားခုနစ်ဦးသည် ၎င်းတို့နှင့် အတူ ပါလာသည့် ကာဘိုင်တစ်လက်၊ ၎င်းကျည် ၁၀ တောင့်၊ M-22 တစ်လက်နှင့် ၎င်းကျည် ငါးတောင့် တို့ကိုအပ်နှံရာ တိုင်းမှူးက လက်ခံရယူခဲ့သည်။ ယင်း နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်နက်ပါရှိသူ နှစ်ဦးအတွက် သေနတ် တစ်လက်လျှင် ဆုကြေးငွေကျပ်သိန်း ၅၀ နှုန်းဖြင့် သေနတ် နှစ်လက်အတွက် ဆုကြေးငွေကျပ် သိန်း ၁၀၀ နှင့် တစ်ဦးလျှင် ထောက်ပံ့ငွေ ငါးသိန်း ကျပ်စီ ထောက်ပံ့ပေးအပ်ရာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများက လက်ခံရယူပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား သည်။ ၎င်းနောက် ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာသူများအား ဝန်ခံကတိ လက်မှတ် ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်သည်။
ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိ
ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လက်နက်/ ခဲယမ်းများ ပါရှိမှုအတွက် ဆုကြေးငွေများ ပေးအပ်လျက်ရှိခြင်းနှင့် လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက် ရှိခြင်းတို့ကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများ သို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်