ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးအပ်

 

နေပြည်တော်  ဩဂုတ်   ၆


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း    သင်တန်းများ တက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန် ခြင်းမရှိခဲ့သည့်   ဥပဒေဘောင် အတွင်း      ဝင်ရောက်လာသော ပဲခူးတိုင်းဒေသကြီး    ပြည်မြို့မှ  PDF အဖွဲ့ဝင်များအား ၎င်း၏ မိဘ အုပ်ထိန်းသူများထံသို့    ထပ်မံ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ တွင် ပဲခူးတိုင်းဒေသကြီး  ပြည်မြို့ ရှိ    နယ်မြေခံတပ်ရင်းခန်းမ၌ ပြုလုပ်ရာ       တောင်ပိုင်းတိုင်း စစ်ဌာနချုပ်     ပြည်တပ်နယ်မှ တာဝန်ရှိသူများ၊   ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ    တာဝန် ရှိသူများ၊   ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့ ၏  မိဘအုပ်ထိန်းသူများ   တက် ရောက်ကြသည်။

 


လွှဲပြောင်းအပ်နှံ


ဦးစွာ    တာဝန်ရှိသူများက နယ်မြေဒေသ တည်ငြိမ်အေးချမ်း ရေးနှင့်    တရားဥပဒေဆိုင်ရာ  ပုဒ်မများကို   ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ဥပဒေ ဘောင်အတွင်း     ဝင်ရောက်ခဲ့ သည့်       ပြစ်မှုကျူးလွန်ခြင်း    မရှိသော  ပြည်မြို့မှ PDF အဖွဲ့ဝင် အမျိုးသားငါးဦးနှင့်   အမျိုးသမီး တစ်ဦးတို့ကို         ဝန်ခံကတိ  လက်မှတ်ရေးထိုးစေကာ ၎င်းတို့ ၏    မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပြီး    ထောက်ပံ့ ပစ္စည်းများ   ပေးအပ်သည်။

 


ကြိုဆိုလက်ခံသွားမည်


PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော် ၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင် ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ် မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့   လက် နက်အပ်နှံပြီး    ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်း ပြုမည် ဆိုပါက ကြိုဆိုလက်ခံသွားမည် ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားပြီးဖြစ်ရာ   ပြစ်မှု ကျူးလွန်ခြင်းမရှိသော      PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌    ဥပဒေ ဘောင်အတွင်း        ပြန်လည် ဝင်ရောက်လျက်ရှိကြသဖြင့် သက် ဆိုင်ရာ       တာဝန်ရှိသူများက ၎င်းတို့၏   မိဘအုပ်ထိန်းသူများ ထံသို့ လွှဲပြောင်းအပ်နှံပေးလျက် ရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်