ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော PDF အဖွဲ့ဝင်များကို ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးအပ်

 

နေပြည်တော်   နိုဝင်ဘာ   ၃၀
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့    နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF   အဖွဲ့ဝင်များကို   ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့  လွှဲပြောင်း ပေးအပ်လျက်ရှိသည်။
ယနေ့နံနက်ပိုင်းတွင်လည်း မကွေးတိုင်းဒေသ ကြီး ငဖဲမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနရုံး    အစည်းအဝေးခန်းမ၌   ပြန်လည်ကြိုဆို လက်ခံခြင်း အခမ်းအနားကို ပြုလုပ်ရာ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၊ ပဒါန်းတပ်နယ်မှ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊   ဌာန ဆိုင်ရာ    တာဝန်ရှိသူများ၊    ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်း သူများ တက်ရောက်ကြသည်။
ဦးစွာ   တာဝန်ရှိသူတစ်ဦးက   နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာပုဒ်မ များကို    ရှင်းလင်းဆွေးနွေး    ပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော မန္တလေးတိုင်း ဒေသကြီး မဟာအောင်မြေမြို့နယ်နှင့် မကွေးတိုင်း ဒေသကြီး စေတုတ္တရာမြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား နှစ်ဦးကို ဝန်ခံကတိလက်မှတ်ရေးထိုး စေကာ    ၎င်းတို့၏    မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးကြသည်။
PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏   ရှေ့လုပ်ငန်းစဉ်များတွင်  ပါဝင် ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက် များနှင့်အညီ   ဥပဒေဘောင်အတွင်းသို့  လက်နက် အပ်နှံပြီး    ပြည်သူ့ဘဝသို့    ပြန်လည်ဝင်ရောက် မည်ဆိုပါက    ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားပြီးဖြစ်ရာ ပြစ်မှု ကျူးလွန်ခဲ့ခြင်းမရှိသော   PDF   အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့်    ပြည်နယ်အသီးသီး၌     ဥပဒေ ဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိကြသဖြင့် သက်ဆိုင်ရာ  တာဝန်ရှိသူများက ၎င်းတို့၏   မိဘ အုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးလျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်