ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော PDF အဖွဲ့ဝင်များကို ၎င်း၏မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးအပ်

 

နေပြည်တော်  ဒီဇင်ဘာ    ၇


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များကို ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်း၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်လျက်ရှိသည်။

 


ယနေ့နံနက်ပိုင်းတွင်         ရှမ်းပြည်နယ် (မြောက်ပိုင်း)  နောင်ချိုမြို့ရှိ   မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌   ပြန်လည်ကြိုဆိုလက်ခံ ခြင်းအခမ်းအနားကို     ပြုလုပ်ရာ    အရှေ့မြောက် တိုင်းစစ်ဌာနချုပ်မှ   တာဝန်ရှိသူများ၊  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏   မိဘအုပ်ထိန်းသူများ  တက်ရောက်ကြ သည်။

 


ဦးစွာ   တာဝန်ရှိသူတစ်ဦးက   နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့်   တရားဥပဒေဆိုင်ရာ ပုဒ်မများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့မှ PDF အဖွဲ့ဝင် အမျိုးသား နှစ်ဦးကို   ဝန်ခံကတိ  လက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံ ပေးပြီး ထောက်ပံ့ငွေများ ပေးအပ်သည်။

 


PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့်  နိုင်ငံတော်၏  ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင် ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက် များနှင့်အညီ   ဥပဒေဘောင်အတွင်းသို့  လက်နက် အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်မည် ဆိုပါက     ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက     ထုတ်ပြန်ထားပြီးဖြစ်ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့်   ပြည်နယ်အသီးသီး၌  ဥပဒေ ဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိကြသဖြင့် သက်ဆိုင်ရာ  တာဝန်ရှိသူများက  ၎င်းတို့၏  မိဘ အုပ်ထိန်းသူများထံသို့  လွှဲပြောင်းအပ်နှံပေးလျက် ရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်