ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော PDF အဖွဲ့ဝင်များ ၎င်း၏ မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးအပ်

 

နေပြည်တော်  နိုဝင်ဘာ  ၁၅
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း   သင်တန်းများ တက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန် ခြင်းမရှိခဲ့သည့်   ဥပဒေဘောင် အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင်များကို     ပြန်လည်ကြိုဆို လက်ခံ၍ ၎င်း၏ မိဘအုပ်ထိန်းသူ များထံသို့      လွှဲပြောင်းပေးအပ် လျက်ရှိသည်။
ယနေ့ မွန်းလွဲပိုင်းတွင်လည်း ရှမ်းပြည်နယ်       (တောင်ပိုင်း) ကလောခရိုင်      စီမံအုပ်ချုပ်ရေး မှူးရုံး       အစည်းအဝေးခန်းမ၌ ပြန်လည်ကြိုဆို       လက်ခံခြင်း အခမ်းအနားကို ပြုလုပ်ရာ အရှေ့ ပိုင်းတိုင်းစစ်ဌာနချုပ်    ကလော တပ်နယ်မှ      တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ      ရဲတပ်ဖွဲ့ဝင်များ၊  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ   တာဝန်ရှိသူများနှင့်   ဥပဒေ ဘောင်အတွင်း ဝင်ရောက်လာသူ နှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ   တာဝန်ရှိသူတစ်ဦးက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာပုဒ်မ များကို        ရှင်းလင်းဆွေးနွေး ပြောကြားသည်။       ထို့နောက် ဥပဒေဘောင်အတွင်း   ပြန်လည် ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန် ခြင်းမရှိခဲ့သော   ရှမ်းပြည်နယ် (တောင်ပိုင်း)   ကလောမြို့နယ်မှ PDF အဖွဲ့ဝင် အမျိုးသား တစ်ဦးကို ဝန်ခံကတိ  လက်မှတ်ရေးထိုးစေ ကာ ၎င်း၏ မိဘအုပ်ထိန်းသူထံသို့ လွှဲပြောင်းအပ်နှံပေးကြသည်။
အလားတူ   ယနေ့နံနက်ပိုင်း တွင်လည်း   မန္တလေးတိုင်းဒေသ ကြီး   အောင်မြေသာစံမြို့နယ်ရှိ  နယ်မြေခံ    သင်တန်းကျောင်း အနော်ရထာခန်းမ၌   ပြန်လည် ကြိုဆိုလက်ခံခြင်း အခမ်းအနား ကို ပြုလုပ်ရာ   အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်မှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက် လာသူများနှင့်   ၎င်း၏  မိဘ အုပ်ထိန်းသူများ တက်ရောက်ကြ သည်။ 
ဦးစွာ      တာဝန်ရှိသူများက  နယ်မြေဒေသ တည်ငြိမ်အေးချမ်း ရေးနှင့်    တရားဥပဒေဆိုင်ရာ ပုဒ်မများကို     ရှင်းလင်းဆွေးနွေး ပြောကြားသည်။      ထို့နောက် ဥပဒေဘောင်အတွင်း   ပြန်လည် ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန် ခြင်းမရှိခဲ့သော   မန္တလေးတိုင်း ဒေသကြီး ချမ်းမြသာစည်မြို့နယ် မှ   PDF   အဖွဲ့ဝင်  အမျိုးသား တစ်ဦး၊ ပုသိမ်ကြီးမြို့နယ် မှ PDF အဖွဲ့ဝင် အမျိုးသား တစ်ဦး၊ အမျိုး သမီး  တစ်ဦး၊  မဟာအောင်မြေ မြို့နယ်မှ   PDF အဖွဲ့ဝင်အမျိုးသား သုံးဦး၊   ပြည်ကြီးတံခွန်မြို့နယ်မှ PDF အဖွဲ့ဝင် အမျိုးသမီး တစ်ဦး နှင့်      စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်မှ   PDF   အဖွဲ့ဝင် အမျိုးသား တစ်ဦး စုစုပေါင်း  PDF အဖွဲ့ဝင်   အမျိုးသား  ခြောက်ဦး၊ အမျိုးသမီး    နှစ်ဦးတို့ကို   ဝန်ခံ ကတိ   လက်မှတ်ရေးထိုးစေကာ ၎င်းတို့၏  မိဘအုပ်ထိန်းသူများ ထံသို့      လွှဲပြောင်းအပ်နှံပေးကြ သည်။
PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော် ၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင် ပူးပေါင်း       ဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့် အညီ    ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်း ပြုမည် ဆိုပါက ကြိုဆိုလက်ခံသွားမည် ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားပြီးဖြစ်ရာ    ပြစ်မှု ကျူးလွန်ခဲ့ခြင်းမရှိသော    PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌       ဥပဒေ ဘောင်အတွင်း          ပြန်လည် ဝင်ရောက်လျက်       ရှိကြသဖြင့် သက်ဆိုင်ရာ  တာဝန်ရှိသူများက ၎င်းတို့၏     မိဘအုပ်ထိန်းသူ များထံသို့      လွှဲပြောင်းအပ်နှံပေး လျက်ရှိကြောင်း     သတင်းရရှိ သည်။
သတင်းစဉ်