ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော PDF အဖွဲ့ဝင် တစ်ဦးကို ၎င်း၏ မိဘအုပ်ထိန်းသူထံ ထပ်မံလွှဲပြောင်းပေးအပ်

 

နေပြည်တော်  ဇန်နဝါရီ   ၁၄


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့    နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး  ပြစ်မှုကျူးလွန် ခြင်းမရှိခဲ့သည့်  ဥပဒေဘောင်အတွင်း  ဝင်ရောက် လာသော  PDF   အဖွဲ့ဝင်များကို   ပြန်လည်ကြိုဆို လက်ခံ၍    ၎င်းတို့၏    မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်လျက်ရှိသည်။

 


ယနေ့နံနက်ပိုင်းတွင်   မန္တလေးတိုင်းဒေသကြီး   မိတ္ထီလာမြို့နယ်  မြို့နယ်အထွေထွေ   အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြန်လည်ကြိုဆို လက်ခံခြင်း အခမ်းအနားကိုပြုလုပ်ရာ  အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဥပဒေဘောင်အတွင်း  ဝင်ရောက်လာသူနှင့် ၎င်း၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

 


ဦးစွာ   တာဝန်ရှိသူတစ်ဦးက    နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့်  တရားဥပဒေဆိုင်ရာပုဒ်မ များကို     ရှင်းလင်းဆွေးနွေး    ပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့နယ်အတွင်းရှိ PDF အဖွဲ့ဝင် အမျိုးသားတစ်ဦးကို ဝန်ခံကတိ လက်မှတ်ရေးထိုး စေကာ ၎င်း၏  မိဘအုပ်ထိန်းသူထံသို့ လွှဲပြောင်း အပ်နှံပေးပြီး ထောက်ပံ့ငွေများ ပေးအပ်သည်။

 


PDF   အပါအဝင်   အဖွဲ့အစည်းအမျိုးမျိုးတို့ အနေဖြင့်     နိုင်ငံတော်၏     ရှေ့လုပ်ငန်းစဉ်များ တွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး  သတ်မှတ် စည်းကမ်းချက်များနှင့်အညီ   ဥပဒေဘောင်အတွင်း သို့   လက်နက်အပ်နှံပြီး   ပြည်သူ့ဘဝသို့ပြန်လည် ဝင်ရောက်မည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ် ကြောင်း နိုင်ငံတော်အစိုးရက  ထုတ်ပြန်ထားပြီး ဖြစ်ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော PDF အဖွဲ့ဝင် များက  တိုင်းဒေသကြီးနှင့်   ပြည်နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း      ပြန်လည်ဝင်ရောက်လျက် ရှိကြသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ၎င်းတို့ ၏    မိဘအုပ်ထိန်းသူများထံသို့   လွှဲပြောင်းအပ်နှံ ပေးလျက်ရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်