ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးအပ်

 

နေပြည်တော်   ဇွန်   ၂၂


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း   သင်တန်းများ တက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန် ခြင်းမရှိဘဲ ဥပဒေဘောင်အတွင်း ပြန်လည်   ဝင်ရောက်လာသော PDF အဖွဲ့ဝင်များကို ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ ထပ်မံ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် အနောက်မြောက် တိုင်းစစ်ဌာနချုပ်      နယ်မြေခံ တပ်ခန်းမ၌  ပြုလုပ်ရာ   ကလေး တပ်နယ်မှ      တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက် လာသူများနှင့်   ၎င်းတို့၏  မိဘ အုပ်ထိန်းသူများ    တက်ရောက် ကြသည်။

 


ဦးစွာ     တာဝန်ရှိသူများက နယ်မြေဒေသ တည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေဆိုင်ရာ ပုဒ်မ များကို  ရှင်းလင်းဆွေးနွေးပြော ကြားသည်။   ထို့နောက်  ဥပဒေ ဘောင်အတွင်း ပြန်လည်ဝင်ရောက် ခဲ့သည့် ကလေးမြို့မှ PDF အဖွဲ့ဝင် အမျိုးသမီး လေးဦးကို ထောက်ပံ့ ပစ္စည်းများ  ပေးအပ်ပြီး   ၎င်းတို့ ၏    မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးကြသည်။

 


PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော် ၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင် ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ် မှတ် စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက် အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည် ဝင်ရောက်မည်ဆိုပါက   ကြိုဆို လက်ခံသွားမည်   ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက   ထုတ်ပြန် ထားရှိရာ PDF အဖွဲ့ဝင်များအနေ ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး၌ ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိကြရာ ယနေ့အထိ    ရန်ကုန်တိုင်းဒေသ ကြီး အတွင်းမှ ငါးဦး၊ မန္တလေးတိုင်း ဒေသကြီးအတွင်းမှ ၂၄ ဦး၊ မကွေး တိုင်းဒေသကြီးအတွင်းမှ ၁၃ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ၁၁ ဦး၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းမှ ၁၁ ဦး၊ ပဲခူးတိုင်းဒေသ ကြီးအတွင်းမှ ခြောက်ဦး စုစုပေါင်း ၇၀ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်ခဲ့ကြောင်းနှင့် သက်ဆိုင် ရာ တာဝန်ရှိသူများက   ၎င်းတို့ ၏   မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်း ရရှိသည်။                  

သတင်းစဉ်