ဥပဒေအရာရှိအဆင့်-၄ (အစမ်းခန့်)များ လုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ် ၁/၂၀၂၄ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

 

နေပြည်တော်  ဖေဖော်ဝါရီ  ၁၄


ဥပဒေအရာရှိအဆင့်-၄ (အစမ်းခန့်) များ       လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ် ၁/၂၀၂၄  သင်တန်းဖွင့်ပွဲ အခမ်းအနားကို  ယနေ့နံနက်ပိုင်း တွင်   ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပရာ  ပြည်ထောင်စုဝန်ကြီး နှင့်         ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး၊ ဒုတိယဝန်ကြီး နှင့် ဒုတိယရှေ့နေချုပ်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့်   ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ သင်တန်းဆရာ၊     ဆရာမများ၊ သင်တန်းသား    သင်တန်းသူများ တက်ရောက်ကြသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု          ရှေ့နေချုပ်က ရွေးချယ်ခန့်ထားပြီးသော   ဥပဒေ အရာရှိသစ်များကို ပြည်ထောင်စု ရှေ့နေချုပ်    နည်းဥပဒေနှင့်အညီ လုပ်ငန်းခွင်ဝင် သင်တန်းပေးပါ ကြောင်း၊    အစိုးရရှေ့နေတစ်ဦး အနေဖြင့် အရည်အချင်းပြည့်ဝရန် လိုအပ်ကြောင်း၊    ဥပဒေရေးရာ ဝန်ကြီးဌာနသည် (၂၀၂၀-၂၀၂၄)ခုနှစ်     တရားမျှတရေးအတွက် ဥပဒေဝန်ဆောင်မှု  မဟာဗျူဟာ စီမံကိန်းနှင့်အညီ ဥပဒေဝန်ဆောင် မှုပေးနေသည့်     ဝန်ကြီးဌာနဖြစ် ကြောင်း၊    ဥပဒေမူကြမ်းများကို စိစစ်အကြံပေးခြင်း၊ အပြည်ပြည် ဆိုင်ရာ           စာချုပ်စာတမ်းများ၊ စီးပွားရေးစာချုပ်စာတမ်းများကို စိစစ်အကြံပေးခြင်း၊ တရားစွဲအမှု လိုက်လုပ်ငန်းများနှင့်    သက်ဆိုင် ခြင်းမရှိသော ဥပဒေရေးရာကိစ္စရပ် များကို         ဥပဒေအကြံပေးခြင်း၊ တရားစွဲ    အမှုလိုက်လုပ်ငန်းများ တွင်လည်း       နိုင်ငံတော်ဘက်မှ လိုက်ပါဆောင်ရွက်ခြင်း    စသည့် ဥပဒေဝန်ဆောင်မှု      အမျိုးမျိုးကို ပေးအပ်လျက်ရှိကြောင်း၊  ထို့ပြင် ဥပဒေ        ဝန်ဆောင်မှုအနေဖြင့် မြန်မာဥပဒေ     သတင်းအချက် အလက်စနစ်    (MLIS)   ကိုလည်း တည်ထောင်          ထားရှိကြောင်း၊ သင်တန်းတွင်  သင်တန်းသားများ သိသင့်သိထိုက်သည့်   ဥပဒေများ၊ နည်းဥပဒေများ၊    ရုံးလုပ်ငန်းနှင့် တရားစွဲအမှုလိုက်ကိစ္စများ၊ တရား ခွင်သရုပ်ပြသခြင်း၊  မဟာဗျူဟာ စီမံကိန်း၊ ဥပဒေအရာရှိကျင့်ဝတ်၊ မျှတသော  တရားစီရင်ရေးဆိုင်ရာ စံနှုန်းများဖြင့် ပြည့်ပြည့်စုံစုံ  ပို့ချ ပေးမည့်အပြင်  ပြင်ပပညာရှင်များ၊ မှုခင်းရဲတပ်ဖွဲ့နှင့်     မှုခင်းဆရာ ဝန်ကြီးကိုဖိတ်ခေါ်၍      ပို့ချပေး မည်ဖြစ်ကြောင်း၊    သင်တန်းသား များအနေဖြင့်      သင်တန်းတွင် သင်ကြားပို့ချချက်များကို ကြိုးစား သင်ယူ          လေ့လာမှတ်သားကာ ပြည်သူများအတွက်    ထိရောက် သော ဥပဒေဝန်ဆောင်မှုများပေး နိုင်သော     ဥပဒေအရာရှိကောင်း များ ဖြစ်စေရန်နှင့်  နိုင်ငံတော်နှင့် ဌာနအတွက် တန်ဖိုးရှိသော ဥပဒေ အရာရှိများ         ဖြစ်လာစေရန် အားထုတ်ကြစေလိုကြောင်း ပြော ကြားသည်။
ထို့နောက်     ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေ ချုပ်     ဒေါက်တာသီတာဦးသည် ဥပဒေရေးရာဝန်ကြီးဌာန အစည်း အဝေးခန်းမ၌     ကျင်းပသည့် သက်သေခံပစ္စည်းများ      စီမံ ထိန်းသိမ်းရေးနှင့်    စီမံခန့်ခွဲရေး ဥပဒေ  (မူကြမ်း)     ပြဋ္ဌာန်းနိုင် ရေးအတွက်    အပြီးသတ်ညှိနှိုင်း အစည်းအဝေးသို့    တက်ရောက် သည်။


အစည်းအဝေးသို့     ဥပဒေ ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး နှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာ ထိန်လင်းဦး၊  ပြည်ထဲရေးဝန်ကြီး ဌာန   ဒုတိယဝန်ကြီးနှင့်   ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်၊ ဥပဒေမူကြမ်း စိစစ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်     ဒေါက်တာ သီတာစန်းနှင့်      တာဝန်ရှိသူများ တက်ရောက်ကြသည်။


အစည်းအဝေးတွင် ပြည်ထဲရေး ဝန်ကြီးဌာန    ဒုတိယဝန်ကြီးနှင့် ရဲချုပ်ဒုတိယဗိုလ်ချုပ်ကြီး  နီလင်း အောင်က   တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့်   တရားရုံးများ က စုံစမ်းထောက်လှမ်းမှု၊    စုံစမ်း စစ်ဆေးမှု   သို့မဟုတ်   စစ်ဆေး စီရင်မှု      ဆောင်ရွက်ဆဲကာလ အတွင်း   သိမ်းဆည်းထားသော  သက်သေခံပစ္စည်းများကို သဘာဝ ဘေးအန္တရာယ်ကြောင့်         ဖြစ်စေ၊ လူပယောဂကြောင့်ဖြစ်စေ ပျက်စီး ပျောက်ဆုံးမှု၊  တန်ဖိုးယုတ်လျော့ မှုနှင့် အလွဲသုံးစားမှုမရှိစေရေးတို့အတွက် ရည်ရွယ်၍ လည်းကောင်း၊ Financial Action Task Force (FATF) သို့ပေးပို့သည့်အစီရင်ခံစာ တွင်      တိုးတက်မှုအခြေအနေ ကို   ထည့်သွင်းဖော်ပြရန်ရှိသဖြင့် လည်းကောင်း  သက်သေခံပစ္စည်း များ    စီမံထိန်းသိမ်းရေးနှင့်   စီမံ ခန့်ခွဲရေးဥပဒေ (မူကြမ်း)ကို ရေးဆွဲ ရခြင်းဖြစ်ကြောင်း            ဆွေးနွေး တင်ပြရာ     ပြည်ထောင်စုဝန်ကြီး နှင့်       ပြည်ထောင်စုရှေ့နေချုပ် က    သက်သေခံပစ္စည်းများ     စီမံ ထိန်းသိမ်းရေးနှင့်    စီမံခန့်ခွဲရေး ဥပဒေ(မူကြမ်း)  သည်    လက်ရှိ အခြေအနေတွင်လိုအပ်ပြီး ပြဋ္ဌာန်း ရန်သင့်သည့်   ဥပဒေဖြစ်ကြောင်း  သုံးသပ်တွေ့ရှိရသဖြင့်     အဆိုပါ ဥပဒေ (မူကြမ်း) ကို  ပြဋ္ဌာန်းနိုင်ရေး အတွက်        အပြီးသတ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း    သိရှိရ သည်။            

သတင်းစဉ်