
နေပြည်တော် မေ ၃၁
ဥပဒေအရာရှိ အဆင့်-၄(အစမ်းခန့်)များ လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ် ၁/၂၀၂၂ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးက ဥပဒေအရာရှိအဖြစ် ဘဝသစ်စတင်ပြီဖြစ်ပြီး သင်တန်းတွင် ဥပဒေ၊ နည်းဥပဒေ၊ ရုံးလုပ်ငန်းနှင့် အမှုလိုက်ဘာသာရပ်များ၊ မဟာဗျူဟာစီမံကိန်း၊ ဥပဒေအရာရှိကျင့်ဝတ်၊ မျှတသော တရားစီရင်ရေး ဆိုင်ရာ စံနှုန်းများဖြင့် ပြည့်ပြည့်စုံစုံ ပို့ချပေးခဲ့ပြီး ပြင်ပပညာရှင်များ၊ မှုခင်းရဲတပ်ဖွဲ့နှင့် မှုခင်းဆရာ ဝန်ကြီးကို ဖိတ်ခေါ်၍ ပို့ချပေးခဲ့ခြင်းတို့ကြောင့် ဥပဒေ အရာရှိ ဘဝတစ်လျှောက်လုံးအတွက် တန်ဖိုးမဖြတ် နိုင်သော အသိပညာဗဟုသုတများ ပေးနိုင်သဖြင့် တာဝန်ကျရာနေရာတွင် ဥပဒေအရာရှိ အဆင့်-၄ တာဝန်ကို ကျေကျေပွန်ပွန်ထမ်းဆောင်ရင်း ဥပဒေ ရေးရာဝန်ကြီးဌာနနှင့် နိုင်ငံတော်၏ဂုဏ်ကို ထိန်းသိမ်း စောင့်ရှောက်သွားမည့် ဥပဒေအရာရှိများဖြစ်ကြပါ စေကြောင်း ပြောကြားသည်။ သတင်းစဉ်