UNHCR အနေဖြင့် အပြုသဘောဆောင်သည့် ပံ့ပိုးကူညီမှုများပေးနိုင်ရေးနှင့် မြန်မာနိုင်ငံ၏ လက်ရှိဆောင်ရွက်မှုများအပေါ် နိုင်ငံတကာအဖွဲ့အစည်းများမှ သိရှိနားလည်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးနိုင်ရေးဆွေးနွေး

နေပြည်တော် ဩဂုတ် ၁၂ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Hai Kyung Jun နှင့်အဖွဲ့ကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် UNDP-UNHCR တို့ အကြား နားလည်မှုစာချွန်လွှာ (MoU) အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ နားလည်မှု စာချွန်လွှာအရ ဘူးသီးတောင်၊ မောင်တောဒေသ အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနိုင်ရေးအတွက် ခရီးသွားလာခွင့်နှင့် လုပ်ငန်းဆောင်ရွက်ခွင့် ခွင့်ပြုပေးမှု၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံနိုင် ရေးအတွက် မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်နေမှု၊ ပြန်လည်လက်ခံ ရေးလုပ်ငန်းစဉ်အရ နေရပ်စွန့်ခွာသွားသူများ၏ အချက်အလက်များ ပေးပို့လာမှုအပေါ် မိမိဝန်ကြီး ဌာနမှ စိစစ်တွေ့ရှိမှုများနှင့် အကြောင်းပြန်ကြား ပြီးစီးမှု၊ မိမိနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာမည့်သူများအတွက် ပြန်လည်လက်ခံရေးစခန်းများ ဖွင့်လှစ် ထားရှိမှုနှင့် ပြန်လည်နေရာချထားပေးနိုင်ရေး စီစဉ် ဆောင်ရွက်ထားရှိမှု၊ ယင်းလုပ်ငန်းစဉ်များအပေါ် UNHCR အနေဖြင့် အပြုသဘောဆောင်သည့် ပံ့ပိုးကူညီမှုများပေးနိုင်ရေးနှင့် မြန်မာနိုင်ငံ၏ လက်ရှိ ဆောင်ရွက်မှုများအပေါ် နိုင်ငံတကာအဖွဲ့အစည်း များမှ သိရှိနားလည်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ပေးနိုင်ရေး အခြေအနေတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။ သတင်းစဉ်