ULA/AA ကြောင့် သဇင်ပန်းတွေကြွေရတော့မယ့် သာလီစွ ငါရို့ရခိုင်မြေ

Type

 

ရခိုင်သားတစ်ဦး
 

ဘေးအန္တရာယ်ဟူသော   စကားရပ်ကို အဓိပ္ပာယ်ဖွဲ့ဆိုရလျှင်   သဘာဝဘေး အန္တရာယ်   (Natural  Disaster)   နှင့် လူလုပ်ဘေးအန္တရာယ်    (Man-made Disaster)  ဟူ၍    သတ်မှတ်နိုင်သည်။ သဘာဝ      ဘေးအန္တရာယ်များဆိုသည် ကား     သဘာဝအလျောက်    ရုတ်တရက် ပြောင်းလဲဖြစ်ပေါ်လာသော ဖြစ်စဉ်များ ဖြစ်ပြီး လူလုပ်ဘေးအန္တရာယ်ဆိုသည်မှာ လူသားတို့၏ အကြမ်းဖက်လုပ်ရပ်ဖြင့် ပြုလုပ်မှုကြောင့်       ဖြစ်ပေါ်လာသော  အနိဋ္ဌာရုံများဖြစ်သည်။
လူလုပ်ဘေးအန္တရာယ်      ဖြစ်သည့်   အကြမ်းဖက်မှုများ    ဖြစ်လာပြီဆိုလျှင် မည်မျှပင်    ဖွံ့ဖြိုးတိုးတက်သည့်နေရာ ဖြစ်ပါစေ  အချိန်တစ်ခဏအတွင်းမှာပင်   ပျက်စီးဆုံးရှုံးမှုများစွာကို       မလွဲမသွေ ရင်ဆိုင်ရမည်ဖြစ်သည်။     အကြမ်းဖက် မှုများကြောင့်    မြို့၊  ရွာများ  ပျက်စီးမှု နှင့်အတူ   စီးပွားရေး   ဆောင်ရွက်နိုင်မှု မရှိခြင်း၊ စားသောက်ကုန်များ ပြတ်လပ် ရှားပါးခြင်း၊ ကုန်စည်ကူးသန်းရောင်းဝယ် မှုရပ်တန့်ခြင်းနှင့်       ကုန်ဈေးနှုန်းများ  အဆမတန်       ကြီးမြင့်ခြင်း      စသည့် နောက်ဆက်တွဲ      အကျိုးဆက်များကို တွေ့ကြုံရမည်ဖြစ်သည်။
မုန်တိုင်းကဲ့သို့         သဘာဝဘေး အန္တရာယ်ကြောင့်      ဖြစ်ပေါ်လာသော ထိခိုက်ပျက်စီးမှုများသည် သာမန်မျှသာ ဖြစ်ပြီး ၎င်းတို့ကို ပြန်လည်ပြင်ဆင်နိုင် သော်လည်း      လူလုပ်ဘေးအန္တရာယ် ကြောင့် ပျက်စီးမှုကတော့ သာမန်မဟုတ် ပေ။ သူ့ကြောင့် ရုပ်ဝတ္ထုပိုင်းသာမကဘဲ  ကလေးငယ်များ၏ ပညာရေး၊ ကျန်းမာ ရေးနှင့် စိတ်ဓာတ်ရေးရာတို့အပါအဝင်  ဘက်ပေါင်းစုံတွင် ထိခိုက်ပျက်စီးမှုများကိုဖြစ်စေသည်။ လူလုပ်ဘေးအန္တရာယ် ဆိုသည့်အတိုင်း  ထိုအခြင်းအရာသည် လူသားများ၏လုပ်ရပ်ကြောင့်ဖြစ်သောဘေးဒုက္ခဖြစ်၍    လူသားများကပင် ပြန်လည်ထိန်းသိမ်းမှုများ လုပ်ရမည် ဖြစ်သည်။
မိမိတို့နိုင်ငံမှာ         သဘာဝဘေး အန္တရာယ်ကြောင့်     ဖြစ်ပေါ်ခဲ့သော ပျက်စီးမှုများကို     နိုင်ငံတော်အစိုးရက ပြန်လည်ပြင်ဆင်မှုများနှင့်       တိုးတက် ကောင်းမွန်မှုများ လုပ်ဆောင်ပေးနိုင်ခဲ့ သလို    တစ်ဖက်တွင်လည်း     လူလုပ် ဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်လာ မည့်    ပျက်စီးမှုများကို    ပြည်သူများ မလိုလားသည့်   အခြေအနေ  တစ်ခုက  အထင်းသားတည်ရှိနေသည်။ ထိုအခြေ အနေ       ဖြစ်ပေါ်တည်ရှိရာနေရာကား    မြန်မာနိုင်ငံ၏   အနောက်ဘက်ရှိ    ရခိုင် တိုင်းရင်းသားများနေထိုင်ရာ ရခိုင်ပြည် နယ်ပင်ဖြစ်သည်။
ရခိုင်ပြည်နယ်သည် ရခိုင်ရိုးမတောင် တန်းနှင့်  ဘင်္ဂလားပင်လယ်အော်ကြား က   ကမ်းမြောင်ဒေသတွင်    တည်ရှိပြီး ရှေးရခိုင်တိုင်းရင်းသားများ၏ ယဉ်ကျေးမှု အမွေအနှစ်များ ပေါကြွယ်ဝသောဒေသ ဖြစ်သည်။            ပင်လယ်ကမ်းရိုးတန်း တစ်လျှောက်တွင်  တည်ရှိသည့်အတွက်  မျက်စိပသာဒဖြစ်စွာ  သာယာလှပသည့်  ရခိုင်ပြည်နယ်သည်     သဘာဝဘေး အန္တရာယ်တစ်ခုဖြစ်သော  မုန်တိုင်းများ တိုက်ခတ်မှုဒဏ်ကို မကြာခဏကြုံတွေ့ ခံစားရလေ့ရှိသည်။
သို့သော်    သဘာဝဘေးအန္တရာယ် ကျရောက်ပြီးတိုင်း    နိုင်ငံတော်အစိုးရ၊  ပြည်သူလူထုနှင့် တပ်မတော်တို့ ပူးပေါင်း ပြီး ရခိုင်ပြည်ကြီးကို မူလအတိုင်းသာမက  မူလထက်       ပိုမိုတိုးတက်မှုများဖြင့်  ဆက်လက်သာယာလှပစေရန်   ဆောင် ရွက်ပေးနိုင်ခဲ့သည်။        အထင်ရှားဆုံး     ဥပမာတစ်ခုကို   ထုတ်ပြရမည်ဆိုလျှင်       အနီးစပ်ဆုံးအနေဖြင့်    မကြာသေးမီက ဖြစ်ပေါ်ခဲ့သည့်   မိုခါမုန်တိုင်းတိုက်ခတ် မှုကို လက်ညှိုးထိုးပြရပေမည်။
သဘာဝဘေးအန္တရာယ်    ဖြစ်သည့်  မိုခါမုန်တိုင်းကြောင့်         ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့ရာ     နိုင်ငံတော် အစိုးရ၏    ဦးဆောင်မှုဖြင့်  ပြည်သူနှင့် တပ်မတော်လက်တွဲညီစွာ   ကူညီကယ် ဆယ်ရေးနှင့်     ပြန်လည်ထူထောင်ရေး  လုပ်ငန်းများကို  အမြန်ဆုံး  ဆောင်ရွက် ပေးနိုင်ခဲ့သည်။    အစိုးရ၊    ပြည်သူနှင့် တပ်မတော်တို့        စိတ်တူကိုယ်တူဖြင့်    ကြိုးပမ်း     ဆောင်ရွက်မှုများကြောင့် ယခုဆိုလျှင်      ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ပြီးစီးမှုမှာ ၉၉ ရာခိုင်နှုန်း ပင်ရှိနေပြီဖြစ်သည်။
ရခိုင်ပြည်နယ်သည်         သဘာဝ ဘေးအန္တရာယ်နှင့်   နဖူးတွေ့၊   ဒူးတွေ့ ရင်ဆိုင်ခဲ့ရသော်လည်း   တွဲလက်ညီညာ အောင်ကြောင်းဖြာဆိုသည့်      စကား အတိုင်း       ကြိုးပမ်းဆောင်ရွက်မှုများ ကြောင့်    လမ်းပန်းဆက်သွယ်ရေးများ အဆင်ပြေချောမွေ့ပြီး ကုန်စည်ကူးသန်း ရောင်းဝယ်ဖောက်ကားမှုများ တိုးတက် လာသည်။ ကျောင်းနေအရွယ်ကလေး ငယ်များသည်လည်း ပညာရေးကိုဆုံးခန်း တိုင်အောင် သင်ယူနိုင်သည်အထိ   အစစ အရာရာအဆင်ပြေနေခဲ့သည်။ တစ်နည်း ဆိုရလျှင်    ရခိုင်ပြည်ကြီးကောင်းစား နေပြီဖြစ်သည်။
သို့သော်     ရခိုင်ပြည်   ကောင်းစား ရေးဟု     ခေါင်းစဉ်တပ်ပြီး       အပြော တစ်မျိုး၊ အလုပ်တစ်မျိုးဖြင့် ရခိုင်ပြည် နယ်ကို     အရုပ်ဆိုး     အကျည်းတန် အောင်      မိုက်မဲသည့်    လုပ်ရပ်များကို     လုပ်ဆောင်သူများကား     အချိန်ကိုက် ဆိုသလို      ထွက်ပေါ်လာပြန်သည်။    ထိုအဖွဲ့ကား     တခြားမဟုတ်။      ULA/AA  ဆိုသည့်  အကြမ်းဖက်သောင်းကျန်း သူများပင်ဖြစ်သည်။
ရခိုင်တိုင်းရင်းသားတို့သည် အင်မတန် မှပင် ရိုးသားဖော်ရွေကြသည်။ ULA/AA   အကြမ်းဖက်    သောင်းကျန်းသူအဖွဲ့က ရခိုင်တိုင်းရင်းသားတို့၏   ရိုးသားဖော်ရွေ မှုများကို  ခုတုံးလုပ်ကာ  ရခိုင်ပြည်နယ် ကို   စစ်မီးလောင်စေရန်   ၂၀၂၃    ခုနှစ် နိုဝင်ဘာလတွင်         ပြန်လည်စတင် လုပ်ဆောင်လာသည်။
အကြမ်းဖက်သောင်းကျန်းသူ ULA/AA    အဖွဲ့ကို    KIA      အကြမ်းဖက် သောင်းကျန်းသူများ ကြီးစိုးရာနယ်မြေ၌  ၂၀ဝ၉   ခုနှစ်တွင်  စတင်တည်ထောင် ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ၂၀၁၅ ခုနှစ် တွင် ရခိုင်ပြည်နယ်သို့ စတင်ဝင်ရောက် ကာ ပြည်နယ်အတွင်း စစ်မီးမွှေးခဲ့ခြင်း ဖြစ်သည်။       စစ်မီးမွှေးသည်ဆိုသည့် အတိုင်း  ULA/AA  အဖွဲ့က အကြမ်းဖက် လုပ်ရပ်များကိုသာ ဦးစားပေးလုပ်ဆောင် ခဲ့ခြင်းဖြစ်သည်။   
ULA/AA   အကြမ်းဖက် သောင်းကျန်း သူများက      သင်းတို့၏    မှားယွင်းနေ သည့်  လုပ်ရပ်များကို  ဝေဖန်ထောက်ပြ ကြသည့်          ရခိုင်တိုင်းရင်းသားများ၊         သင်းတို့၏    လမ်းစဉ်ကို   သဘောမတူ  မလိုက်လိုသည့်         ရခိုင်တိုင်းရင်းသား များကို  အမျိုးသား သစ္စာဖောက်များဟုပင်     သတ်မှတ်ပြီး    ဆဲဆိုခြိမ်းခြောက်ခြင်း၊    ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ဆက်ကြေး ကောက်ခြင်းတို့ကို      လုပ်ဆောင်လာ ခဲ့ကြသည်။
ULA/AA  အကြမ်းဖက်သောင်းကျန်း သူများက    ၎င်းတို့ကိုယ်၎င်းတို့    ရခိုင် တိုင်းရင်းသား တစ်ရပ်လုံးကိုကိုယ်စားပြု သည်ဟုဆိုသည်။  သို့သော် သင်းတို့၏ လုပ်ရပ်များမှာကား ရခိုင်တိုင်းရင်းသား များနေထိုင်ရာနေရာမှာ      တိုင်းတစ်ပါး သားများကို နေရာချထားပေးနေသကဲ့သို့ ဖြစ်လာသည်။      ကိုယ့်တိုင်းရင်းသား အချင်းချင်းကို အနိုင်ကျင့်နှိပ်စက်သည်။   ရခိုင်မျိုးချစ်စိတ်တွေ  ပျက်စီးသွားအောင်      ရိုက်ချိုးသည်။ ထိုမှတစ်ဖန် ကောင်းစားနေသည့်   ရခိုင် ပြည်ကြီးကို ဖျက်ဆီးမှုများ လုပ်ဆောင် သည်။ ထိုအကြမ်းဖက်သောင်းကျန်းသူများဖြစ်သည့်  ULA/AA  အဖွဲ့ကြောင့် ရခိုင်ပြည်ကြီး၏     မည်သည့်နေရာမှာမှ တိုးတက်မှုမရှိခဲ့ပေ။    
အမှန်စင်စစ်တွင်    ရခိုင်ပြည်နယ် တစ်ခုလုံး     ဖွံ့ဖြိုးတိုးတက်မှုရှိအောင် လုပ်ဆောင်ပေးနေသူများမှာ        အစိုးရ၊  ပြည်သူနှင့် တပ်မတော်တို့ပင်ဖြစ်သည်။ အစိုးရ၊ ပြည်သူနှင့်တပ်မတော်တို့ကြောင့် ပင် ရခိုင်ပြည်နယ် ကောင်းစားခဲ့ရသည်။ ရခိုင်ပြည်နယ်ကြီး  အခုလိုမျိုး ကောင်းစား နေပြီဆိုလျှင်    ULA/AA     အကြမ်းဖက်      သောင်းကျန်းသူများက စစ်မီးမွှေးသည်။ ထိုအကြမ်းဖက်သမားများက        ယခု တစ်ကြိမ်တွင်လည်း   ကောင်းစားနေသည့် ရခိုင်ပြည်ကြီးပျက်စီးစေရန် စစ်မီးမွှေး လိုက်ပြန်သည်။ 
ULA/AA  အကြမ်းဖက်သောင်းကျန်း သူများသည်  နိုဝင်ဘာလက  ပလက်ဝ ဒေသရှိ  လုံခြုံရေးစခန်းငယ်  နှစ်ခုနှင့်  ပေါက်တောမြို့ကို    ဝင်ရောက်တိုက်ခိုက် သည့်အပြင် အင်အားနည်းသည့်  ရဲစခန်း အချို့ကိုလည်း  သာလွန်အင်အားများ ဖြင့်    တိုက်ခိုက်သည်။     ရခိုင်ပြည်နယ် တောင်ပိုင်းရှိ       အချို့ဒေသများတွင် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် ယာဉ်မောင်းများကိုလည်း ဖမ်းဆီးခြင်း များ    ပြုလုပ်သည်။  သင်းတို့က  ရခိုင် ပြည်နယ်မှာ          စစ်မဖြစ်ဖြစ်အောင် ရည်ရွယ်လုပ်ဆောင်ခြင်းပင်ဖြစ်သည်။ 
ယခုအချိန်သည်    ရခိုင်ပြည်နယ် အတွင်းရှိ  ရိုးသားကြိုးစားသူ  တောင်သူ လယ်သမားများ   စပါးရိတ်သိမ်းရမည့် အချိန်ဖြစ်သည်။   သို့သော်     ULA/AA  အကြမ်းဖက်    သောင်းကျန်းသူများ၏  အကြမ်းဖက်   တိုက်ခိုက်မှုများကြောင့်  တောင်သူလယ်သမားများမှာ     စပါး ရိတ်သိမ်းနိုင်ခြင်းမရှိဘဲ အိုးကွာအိမ်ကွာ ဖြင့် အတိဒုက္ခရောက်နေကြရသည်။
မိုခါမုန်တိုင်း         တိုက်ခတ်စဉ်က ကျောင်းဖွင့်ရာသီ      ဖြစ်သည့်အတွက် ကျောင်းသားများ အချိန်မီကျောင်းတက် နိုင်ရေးကို အစိုးရ၊ ပြည်သူနှင့် တပ်မတော် တို့က   ဦးစားပေး   လုပ်ဆောင်ခဲ့သည်။ ကျောင်းသားများကို အမိုးအကာအောက် ရောက်အောင်          ပို့နိုင်ရေးအတွက်  ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို     အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့ရသည်။  အစိုးရ၊    ပြည်သူ၊     တပ်မတော်တို့၏     တက်ညီလက်ညီ ကြိုးပမ်းမှုများကြောင့် မုန်တိုင်းတိုက်ခတ်ပြီး  ရက်ပိုင်းအတွင်း မှာပင်   ရခိုင်ပြည်နယ်ရှိ   ကျောင်းသား၊ ကျောင်းသူများမှာ  မြန်မာနိုင်ငံတစ်ဝန်း ရှိကျောင်းသား၊ ကျောင်းသူများနည်းတူ နောက်မကျဘဲ ပညာသင်ယူနိုင်ခဲ့သည်။
အခုတော့ ‘‘ရခိုင်ပြည်နယ် ကောင်းစား ရေး’’  ခေါင်းစဉ်ကိုဗန်းပြပြီး  တိုက်ခိုက် ဖျက်ဆီးမှုများ လုပ်လာသည့် ULA/AA အကြမ်းဖက် သောင်းကျန်းသူများကြောင့်  စစ်မီးတောက်လောင်ရာ     နေရာများရှိ စာသင်ကျောင်းများမှာလည်း ဓားစာခံများ  ဖြစ်ကာ ပျက်စီးသွားရသည်။ စာသင်  ကျောင်းများပျက်စီးခြင်း၊ ပညာသင်ယူနိုင်  မည့်   နေရာများ    မရှိတော့ခြင်းသည် အနာဂတ်၏ ခေါင်းဆောင်များ ဖြစ်လာ မည့် ကလေးငယ်များအတွက်  အနာဂတ် မဲ့သွားခြင်းပင်ဖြစ်သည်။
အနာဂတ်တွင်       ပညာသည်သာ အရာရာဖြစ်လာမည်ဖြစ်သည်။ လူတစ်ဦး ချင်းစီက    ပညာတတ်မှသာ     ရပ်ရွာ၊ ပြည်နယ်၊   တိုင်း၊  နိုင်ငံဖွံ့ဖြိုးတိုးတက် မည်ဖြစ်သည်။  သို့မဟုတ်ပါက လူတန်း စေ့ပင်နေနိုင်မည်မဟုတ်ပေ။ လက်ရှိအချိန် မှာဆိုရင်လည်း ကောင်းစားနေသည့် ရခိုင် ပြည်နယ်ကြီး၏  စစ်မီးတောက်လောင် မှုမရှိသည့် အချို့နေရာများမှ ကလေးငယ် များက ပညာသင်ယူနေချိန်တွင် ULA/AA  အကြမ်းဖက် သောင်းကျန်းသူများ ကြောင့်  စစ်မီးတောက်လောင်နေရသည့်  နေရာများရှိ  ကလေးငယ်များမှာ ပညာရည် နို့ကို ငတ်မွတ်နေကြရသည်။ ထိုကလေး ငယ်များအတွက်  အနာဂတ်ပျောက်ဆုံး သွားရသည်။ တရားခံက  ULA/AA  အကြမ်း ဖက်သောင်းကျန်းသူများပင်ဖြစ်သည်။
ယခင်တုန်းက ရခိုင်ပြည်နယ်အတွင်း  နေထိုင်ကြသော ရခိုင်တိုင်းရင်းသားများအပါအဝင်     ပြည်သူလူထုအပေါင်းမှာ ကိုယ့်အလုပ်ကို      အေးအေးဆေးဆေး လုပ်ကာ စီးပွားကို ကောင်းစွာရှာနိုင်ကြ သည်။  မြန်မာနိုင်ငံ၏   ချမ်းသာကြွယ်ဝ သူများစာရင်းတွင် ရခိုင်တိုင်းရင်းသား များလည်း    ပါဝင်သည်ကို    အားလုံး အသိပင်ဖြစ်သည်။  


အခုတော့  ULA/AA  အကြမ်းဖက်သောင်းကျန်းသူများကြောင့်     ရခိုင် တိုင်းရင်းသားများသာမက ရခိုင်ပြည်နယ် အတွင်းရှိ ပြည်သူလူထုတစ်ရပ်လုံးမှာ  နောက်ကျောမလုံဘဲ  ကျီးလန့်စာစား နေရသည့်   ဘဝသို့    ရောက်မှန်းမသိ  ရောက်သွားရသည်။ စီးပွားတွေလည်း မဖြစ်တော့ပေ။        ကုန်စည်ကူးသန်း ရောင်းဝယ်ရေး   လုပ်ငန်းများ    ရပ်တန့် သွားသည်။  ဒီပုံစံအတိုင်းဆိုလျှင်  ရခိုင် တိုင်းရင်းသားများမှာ     ဆင်းရဲတွင်း ထဲသို့    ရောက်မှန်းမသိ     ပြန်ရောက်ရ တော့မည်။
ULA/AA  အကြမ်းဖက်သောင်းကျန်း သူများ၏   စစ်မီးမွှေးမှုကြောင့်   ရခိုင် တိုင်းရင်းသားများသာ ဒုက္ခရောက်ရသည် မဟုတ်ဘဲ ရခိုင်မှန်လျှင်  တန်ဖိုးထားကြ သည့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် များလည်း ပျက်စီးကြရသည်။ ရခိုင် ပြည်နယ်ရှိ ရှေးဟောင်းအမွေအနှစ်တွေ ဆိုသည်မှာ   အလွန်ကို    ရှေးကျသည့် လက်ရာများဖြစ်သကဲ့သို့ ဗုဒ္ဓသာသနာ တော်ကြီး     စည်ပင်ထွန်းကားခဲ့မှု၏ ပြယုဂ်တစ်ခုလည်းဖြစ်သည်။ သဇင်ပန်း ခိုင်တမြိုင်မြိုင် ရခိုင်ဘုရားပေါင်းဟုဆို သည့်အတိုင်း များလှစွာသော ရှေးဟောင်း စေတီပုထိုးများသည်       ဘိုးဘွားများ ထားရစ်ခဲ့သည့်  သမိုင်းရဲ့  အမွေအနှစ် ဖြစ်သည်။       ဒီအမွေအနှစ်တွေသည် တို့ရခိုင်တိုင်းရင်းသား     တစ်ရပ်လုံးနှင့် သက်ဆိုင်သည်။  ပွင့်ပွင့်လင်းလင်းပြောရ လျှင်        ဒီအမွေအနှစ်တွေကြောင့်ပင် တို့ရခိုင်တိုင်းရင်းသားဆိုတာ    တည်ရှိနေ ခြင်းပင်ဖြစ်သည်။
ရှေးဟောင်းအမွေအနှစ်ဆိုသည်မှာ  နှစ်သက်တမ်းရှည်ကြာလေ  တန်ဖိုးက ပိုမိုကြီးမားလေဖြစ်သည်။ တန်ဖိုးကြီးမားမှု နှင့်အတူ  ထိုအမွေအနှစ်ကို   ပိုင်ဆိုင်သူ များ၏ တန်ဖိုးလည်း မြင့်တက်လာရ စမြဲဖြစ်သည်။  ရခိုင်ပြည်နယ်အတွင်းရှိ    ရှေးဟောင်းအမွေအနှစ်များမှာ  ရခိုင် တိုင်းရင်းသားများအတွက်  တန်ဖိုးတက် စရာပင်ဖြစ်သည်။
တကယ်လို့များ ULA/AA  အကြမ်း ဖက်သောင်းကျန်းသူများက စစ်မီးမမွှေး ခဲ့ဘူးဆိုလျှင်၊   စစ်ကို   မဖိတ်ခေါ်ခဲ့ဘူး ဆိုလျှင်၊   စစ်ပွဲတွေကို မဖြစ်ပွားစေခဲ့ဘူး ဆိုလျှင်   ရခိုင်တိုင်းရင်းသားများ၏ တန်ဖိုးကလည်း    မြင့်တက်သည်ထက် မြင့်တက်မည်မှာ     အမှန်ပင်ဖြစ်သည်။ အခုတော့ ဖြစ်လာနိုင်သည့်အခြေအနေနှင့် ဖြစ်နေသည့်အခြေအနေက ပြောင်းပြန် တွေဖြစ်နေပေပြီ။ ဒီလိုတွေ ဖြစ်လာအောင် ဖန်တီးသူက  ULA/AA    အကြမ်းဖက် သောင်းကျန်းသူများဖြစ်သည်။
သင်းတို့လုပ်လို့ ရခိုင်တိုင်းရင်းသား တစ်ရပ်လုံး၏  အသက်အိုးအိမ်စည်းစိမ် တွေ    ပျက်စီးရသည်။   ရှေးဟောင်းယဉ်ကျေး မှု    အမွေအနှစ်တွေ    ပျက်စီးရသည်။ ရှေးဟောင်းအမွေအနှစ်တစ်ခု  ပျက်စီး တိုင်း    ရခိုင်တိုင်းရင်းသားတို့၏   တန်ဖိုး တစ်ခု ကျဆင်းသွားသည်ဟု ခံစားရသည်။ ဒါတွေကို မိမိအပါအဝင် ရခိုင်တိုင်းရင်း သားတစ်ရပ်လုံးက     လက်မခံနိုင်ပေ။ ဒီလိုမျိုးတွေဖြစ်လာစေဖို့  လုပ်ဆောင်နေ သည့်  ULA/AA  အကြမ်းဖက်သောင်းကျန်း သူများကိုလည်း ရခိုင်ပြည်နယ်တစ်ခုလုံး က    လက်မခံနိုင်ပေ။        ဖြစ်နိုင်လျှင် သင်းတို့တစ်ဖွဲ့လုံးကို ဖောင်ပေါ်တင်ပြီး  ဘင်္ဂလားပင်လယ်အော်ထဲ မျှောပစ်လိုက် ချင်သည်။ 
မိုခါမုန်တိုင်းတိုက်တုန်းက        တို့ရခိုင် တိုင်းရင်းသားတွေ ဘေးအန္တရာယ် ကြုံတွေ့ နေချိန် သင်းတို့က နေသာသပ လေညာ ကလိုနေနေသည်။



ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်ချိန်ကျတော့လည်း အုတ် တစ်ချပ်၊  သဲတစ်ပွင့်ဖြင့်   ကူညီဖို့ဝေးစွ   ဒုက္ခရောက်နေရသည့် တို့ရခိုင်တိုင်းရင်း သားတွေဆီကနေ  ရသလောက်အမြတ် ထုတ်သည်။
တည်ဆောက်ရေးလုပ်ငန်းများပြီး စီးလို့ တို့ရခိုင်ပြည်နယ်ကြီး ကောင်းစားချိန် ရောက်လာတဲ့အခါကျတော့ သင်းတို့က စစ်မီးမွှေးသည်။  ဒါကြောင့်  ULA/AA  အကြမ်းဖက် သောင်းကျန်းသူများကို ဒီနေရာကနေ စကားတစ်ခွန်း ပြောချင် သည်။ “မင်းတို့ကောင်းအောင် မလုပ် နိုင်ရင်တောင်မှ       သူများတကာက  ကောင်းအောင် လုပ်ထားတာကို မဖျက်ဆီး ပါနဲ့” ဟုသာ။
ULA/AA  အကြမ်းဖက်သောင်းကျန်း သူများ၏လုပ်ရပ်သည်   လူလုပ်ဘေး အန္တရာယ်ဖြစ်သည်။ ဒီဘေးကြောင့် လူ့ အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်တာများ ပါ ပျက်စီးစေပြီး ရခိုင်တိုင်းရင်းသားများမှာ သေနတ်သံများ၊ ယမ်းငွေ့များကြား ပြေးလွှား နေရသည့်ဘဝကို ရောက်ရှိရသည်။ 
သဘာဝ    ဘေးအန္တရာယ်သည်   နာရီပိုင်းမျှသာကြာပြီး ဖြစ်ပေါ်ခဲ့သော ပျက်စီးမှုများကို လပိုင်းအတွင်း ပြန်လည် တည်ဆောက်နိုင်သော်လည်း   ULA/AA   အကြမ်းဖက်   သောင်းကျန်းသူများ၏ ယုတ်မာမိုက်မဲလှသော        လူလုပ် ဘေးအန္တရာယ်သည် ရက်ပေါင်းများစွာ၊ လပေါင်းများစွာ ကြာစေနိုင်သောကြောင့် ပျက်စီးဆုံးရှုံးမှုများမှာလည်း   အလွန် ကြီးမားမည်ဖြစ်သည်။ သင်းတို့အကြမ်း ဖက်သောင်းကျန်းသူအဖွဲ့     ရှိနေသေးသမျှ    ကာလပတ်လုံး    တို့ရခိုင်ပြည်နယ်အတွင်း ပျက်စီးဆုံးရှုံးမှုများလည်း    ရှိနေဦးမည် ဖြစ်သလို ရခိုင်ပြည်နယ်အတွင်း   နေထိုင် ကြသည့် တိုင်းရင်းသားများ၏    လူမှုစီးပွား ဘဝများသည်လည်း နာလန်ထူနိုင်မည်    မဟုတ်ဘဲ  ရခိုင်ပြည်နယ်၏အနာဂတ်မဲ့ကာ     ဖွံ့ဖြိုးတိုးတက်မှု ပျောက်ဆုံးသွားမည် ဖြစ်သည်။
မိမိအနေဖြင့် ULA/AAအကြမ်းဖက် သောင်းကျန်းသူအဖွဲ့ကို  မေးချင်သည်။  “ဘယ်လိုအကြောင်းပြချက်နဲ့ အခုလိုမျိုး စစ်မီးမွှေးရတာလဲ။ မျိုးဆက်သစ်ရခိုင်တိုင်းရင်းသားများကို ဘယ်လိုအမွေအနှစ် တွေ ပေးခဲ့ချင်လို့လဲ။  ပြာပုံအတိနဲ့ ဒုက္ခ ပင်လယ်ဝေနေတဲ့ ရခိုင်ပြည်နယ်ကိုလက်ဆင့် ကမ်းစေချင်တာလား”    ဟူ၍     ဖြစ် သည်။
ရခိုင်ပြည်နယ်ကြီး  ကောင်းစားရေး အတွက်ဆိုလျှင်   သင်းတို့အဖွဲ့ရခိုင်မြေပေါ် က ပျောက်ကွယ်သွားပေးပါ။ သင်းတို့သာ ပျောက်ကွယ်သွားလျှင်  ရခိုင်ပြည်ကြီး ကောင်းစားပါပြီ။ ယဉ်ကျေးမှုအမွေအနှစ် များကိုတော့ အကောင်းအတိုင်း ချန်ထား ခဲ့ပေးပါ။ တို့တွေအနေနဲ့ သာယာစည်ပင် ဝပြောတဲ့ ရခိုင်ပြည်ကြီးကို မျိုးဆက်သစ် ရခိုင်တိုင်းရင်းသားများအား လက်ဆင့် ကမ်း အမွေပေးခဲ့ပါမည်။
တို့ရခိုင်ပြည်သည် သင်းတို့ ULA/AAအကြမ်းဖက်သောင်းကျန်းသူများမပေါ်ပေါက်ခင်က အင်မတန်မှ   အေးချမ်းပြီး အလွန်နေချင်စဖွယ် ကောင်းသည့်နေရာ ဖြစ်သည်။ စီးပွားရေးတွေ ကောင်းသလို တို့ရခိုင်တိုင်းရင်းသား  တစ်ဦးချင်းစီ၏ တန်ဖိုးများကလည်း   မြင့်တက်ရသည်။ သင်းတို့တွေပေါ်ပေါက်လာပြီးနောက် တို့ရခိုင်ပြည်နယ်မှာ ယမ်းခိုးတွေဝေခဲ့ ရသည်။ 
လူငယ်တွေ  အနာဂတ်ပျောက် ခဲ့ရသည်။ သင်းတို့မရှိမှသာ တို့ရခိုင်မြေ မှာငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်မှု အသီး အပွင့်များကို မြင်ရမည်ဖြစ်သည်။ ဒီ အတွက်ကြောင့် သဇင်ပန်းတွေ မကြွေစေ ချင်တဲ့တို့အပါအဝင် ရခိုင်တိုင်းရင်းသား အားလုံးက   ULA/AA    အကြမ်းဖက် သောင်းကျန်းသူများကို    ရခိုင်မြေမှာ မတွေ့ချင်သည့်အတွက် ဘယ်သောအခါမျှ   ပြန်မလာခဲ့ပါနှင့်  ULA/AA  အကြမ်းဖက် သောင်းကျန်းသူများဟုသာ ဆိုချင်ပါတော့ သည်။     ။