တယ်လီနောမြန်မာက ဆင်းကတ်များ ပြန်လည်မှတ်ပုံတင်စေခြင်းနှင့်ပတ်သက်၍ အသိပေးချက်ထုတ်ပြန်

 

 

ရန်ကုန် မေ ၃
တယ်လီနောဆင်းကတ်များကို သုံးစွဲသူများအနေဖြင့် လက်ရှိအသုံးပြုလျက်ရှိသည့်    ဆင်းကတ်များကို ပြန်လည်မှတ်ပုံတင်ရန် တယ်လီနောက အကြောင်း ကြားစာများပေးပို့ခြင်းနှင့်ပတ်သက်၍  လတ်တလော တွင် သတင်းမှား ပျံ့နှံ့လျက်ရှိရာ တယ်လီနောမြန်မာ က အသိပေးချက်တစ်ခုကို ဧပြီ ၂၈ ရက်က ထုတ်ပြန် ကြေညာလိုက်သည်။ 
ဆင်းကတ်များကို  ပြန်လည်မှတ်ပုံတင်စေခြင်း မှာ  သုံးစွဲသူများအနေဖြင့်  ဆင်းကတ်မှတ်ပုံတင်မှု လုပ်ငန်းစဉ် မပြီးဆုံးခြင်း သို့မဟုတ် အချက်အလက် များ မမှန်မကန်သည့် အခြေအနေများကို တယ်လီနော ၏    လုပ်ငန်းလည်ပတ်မှုစနစ်တွင်     တွေ့ရှိပါက လုပ်ငန်းစဉ်ပြီးဆုံးအောင်ဆောင်ရွက်ရန် သို့မဟုတ် အချက်အလက်အမှန်များ    ဖြည့်သွင်းရန်အတွက် ပုံမှန်ပြုလုပ်နေကျအတိုင်း သုံးစွဲသူများအား သတိပေး အကြောင်းကြားခြင်းဖြစ်ကြောင်း၊  ဆင်းကတ်များ မှတ်ပုံတင်ခြင်းကို မှန်ကန်ပြည့်စုံစွာဆောင်ရွက်ခြင်း လုပ်ငန်းစဉ်သည် တယ်လီနောမြန်မာ၏ လုပ်ငန်း လုပ်ဆောင်မှု စံနှုန်းများနှင့်အညီ လုပ်ထုံးလုပ်နည်း အတိုင်း   ဆောင်ရွက်ခြင်းသာဖြစ်ပြီး  တယ်လီနော မြန်မာ ပိုင်ရှင်ပြောင်းလဲမှုနှင့် မည်သို့မျှသက်ဆိုင်ခြင်း မရှိကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
တယ်လီနောမြန်မာ၏ လုပ်ငန်းလည်ပတ်မှုသည် မူလအတိုင်း ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း၊  ပံ့ပိုးပေးလျက်ရှိသည့်   ဝန်ဆောင်မှုများတွင်လည်း မည်သည့်ပြောင်းလဲမှုမှ      ရှိမည်မဟုတ်ကြောင်း၊  သန်းပေါင်းများစွာသော သုံးစွဲသူတို့အတွက် မရှိမဖြစ် လိုအပ်သည့်    ဆက်သွယ်ရေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ်ရရှိနေစေရန်      ယခုကာလတွင် လုပ်ဆောင်ချက်များကိုလည်း     အတတ်နိုင်ဆုံး အဆင်ပြေချောမွေ့အောင် လုပ်ဆောင်သွားမည်ဟု ကတိပြုပြောကြားလိုကြောင်း၊ တယ်လီနောမြန်မာ၏ ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုများတွင် အပြောင်း အလဲများရှိပါက သုံးစွဲသူများအား ချက်ချင်း အသိ ပေး အကြောင်းကြားသွားမည်ဖြစ်ပြီး သက်ဆိုင်ရာ သိသင့်သိထိုက်သူများအားလုံးကိုလည်း တက်တက် ကြွကြွ ဦးဆောင်အသိပေးသွားမည်ဖြစ်ကြောင်းနှင့် တယ်လီနောမြန်မာအနေဖြင့်  သုံးစွဲသူများအတွက် အကောင်းဆုံး      ဂရုစိုက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
ကိုစိုး