
ရန်ကုန် မတ် ၂၉
မတ် ၂၅ ရက်မှစ၍ တယ်လီနောမြန်မာ၏ ပိုင်ဆိုင်မှုအားလုံးကို ပိုင်ရှင်အသစ်ထံသို့ အပြီးသတ် လွှဲပြောင်းပေးအပ်လိုက်ပြီဖြစ်ပြီး တယ်လီနောမြန်မာသည် နော်ဝေအခြေစိုက် တယ်လီနောလုပ်ငန်းစု၏ တစ်စိတ်တစ်ပိုင်း အဖြစ် ဆက်မရှိတော့ကြောင်း တယ်လီနော မြန်မာက မတ် ၂၅ ရက်က ထုတ်ပြန်ကြေညာ သည်။
ဈေးကွက်တွင် ကုန်အမှတ်တံဆိပ်အသစ် မိတ်မဆက်ရသေးမီအချိန်အထိ တယ်လီနော ကုန်အမှတ်တံဆိပ်သည် တယ်လီနောမြန်မာ လီမိတက် လိုင်စင်အောက်တွင် လအနည်း ငယ်အကြာ ဆက်လက်တည်ရှိနေမည်ဖြစ် ကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တယ်လီနောမြန်မာကုမ္ပဏီကို ရောင်းချမှု နှင့်ပတ်သက်သည့် ခွင့်ပြုချက်ကို မြန်မာနိုင်ငံ အစိုးရက မတ် ၁၈ ရက်က ချမှတ်ခဲ့ပြီး ယခုအရောင်းအဝယ်သည် ကုမ္ပဏီ၏ရှယ်ယာ ၁၀၀ ရာခိုင်နှုန်းကို ပိုင်ရှင်အသစ်ထံသို့ လွှဲပြောင်းရောင်းချခြင်းဖြစ်ကြောင်း၊ အဆိုပါ ပိုင်ဆိုင်မှုအပြောင်းအလဲတွင် တယ်လီနော မြန်မာကို အသုံးပြုနေသူများ၊ ဝန်ထမ်းများနှင့် မိတ်ဖက်များအပေါ် တိုက်ရိုက် အကျိုးသက် ရောက်မှုမရှိကြောင်း၊ လက်ရှိလုပ်ဆောင်နေ သော လုပ်ငန်းများနှင့် စာချုပ်စာတမ်းများကို မူလက သဘောတူထားသည့်အတိုင်း ဆက် လက်၍ လုပ်ဆောင်သွားမည်ဖြစ်သဖြင့် ယေဘုယျအားဖြင့် ပြင်ဆင်မှုများ၊ ထပ်မံ ဖြည့်စွက်မှုများ ပြုလုပ်ရန်မလိုအပ်ကြောင်း ကိုလည်း မတ် ၁၈ ရက်က ထုတ်ပြန်သည့် တယ်လီနောမြန်မာကို ရောင်းချခြင်းဆိုင်ရာ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်ကို တွေ့ရ သည်။
ကိုစိုး