
ရန်ကုန် နိုဝင်ဘာ ၁၆
ပြည်တွင်းမှ အလုပ်အကိုင်ရှာဖွေနေသူများအတွက် Find.Job အမည်ရှိ ဒစ်ဂျစ်တယ်ရှေ့ပြေး အလုပ် အကိုင်ရှာဖွေရေးကဏ္ဍသစ်ကို တယ်လီနောမြန်မာ နှင့် နိုင်ငံအတွင်း အလုပ်အကိုင်ရှာဖွေရေး ဝန်ဆောင်မှု တွင် ဦးဆောင်လျက်ရှိသည့် MyJobs တို့ ပူးပေါင်း၍ နိုဝင်ဘာ ၈ ရက်က စတင်မိတ်ဆက်ထည့်သွင်းထား ကြောင်းနှင့် ကုမ္ပဏီ၊ အဖွဲ့အစည်းများနှင့် အလုပ် ရှာဖွေနေသူများအကြား ချိတ်ဆက်ပေးနိုင်ရန် ရည်ရွယ်ကြောင်း တယ်လီနောမြန်မာက သတင်း ထုတ်ပြန်ထားသည်။
တယ်လီနော၏ အက်ပလီကေးရှင်းဖြစ်သည့် မိုင်တယ်လီနောမှ Find.Job ကဏ္ဍသစ်တွင် အလုပ် အကိုင် ရှာဖွေနေသူများနှင့် အသက်မွေးဝမ်းကျောင်း အသစ်သို့ ကူးပြောင်းလုပ်ကိုင်လိုသူများအတွက် မြောက်မြားစွာသော အလုပ်အကိုင်အခွင့်အလမ်း များကို ဖော်ပြထားသလို တယ်လီနောမှခေါ်ယူသော အလုပ်အကိုင်နေရာများကိုလည်း ထိုကဏ္ဍတွင် ဖော်ပြထားသည်။
Find.Job ကဏ္ဍတွင် အလုပ်အကိုင်များ ရှာဖွေ နိုင်ရုံသာမက တယ်လီနောနှင့် MyJobs တို့၏ အလုပ် အကိုင်အခွင့်အလမ်းဆိုင်ရာ အကြောင်းအရာများ၊ ဆောင်းပါးများကိုလည်း ပုံမှန်တင်ဆက်သွားမည် ဖြစ်ကြောင်း၊ ထို့အပြင် Custom Alert ၊ Favourite job areas၊ Talks & Forum စသည့် အစီအစဉ်သစ် များကိုလည်း လာမည့်လများတွင် ထပ်မံမိတ်ဆက် သွားမည်ဖြစ်ကာ ထိုအစီအစဉ်များတွင် အလုပ် အကိုင်ဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ စိတ်ကျန်းမာရေး ဆိုင်ရာ အကြောင်းအရာများနှင့် လုပ်ငန်းခွင်အတွင်း လုပ်ဆောင်မှုတိုးတက်လာစေမည့် အကြောင်းအရာ များ စသည့် စိတ်ဝင်စားဖွယ်ခေါင်းစဉ်များကို ဗီဒီယိုဖိုင်များဖြင့် မျှဝေသွားမည်ဖြစ်ကြောင်း သိရ သည်။
မှန်ကန်စွာမှတ်ပုံတင်ထားသည့် တယ်လီနော ဆင်းကတ်များကို အသုံးပြုနေသူများအနေဖြင့် မိုင်တယ်လီနော အက်ပလီကေးရှင်း နောက်ဆုံး အပ်ဒိတ်ဗားရှင်းမှတစ်ဆင့် Find.Job ကဏ္ဍသစ်ကို ဝန်ဆောင်ခ မှတ်ပုံတင်ကြေး ပေးဆောင်ရန်မလိုဘဲ ဝင်ရောက်လေ့လာနိုင်မည်ဖြစ်သည်။
Find.Job ကဏ္ဍအတွင်း လေ့လာကြည့်ရှုမှုများ အတွက်မူ ဒေတာအသုံးပြုခ ကောက်ခံသွားမည်ဖြစ် ကြောင်း တယ်လီနောမြန်မာမှ သတင်းထုတ်ပြန်ချက် အရ သိရသည်။
ကိုစိုး