
တယ်လီဂရမ်ဆိုတာ အခုအချိန်မှာ လူသုံးအများဆုံး Messaging App တွေထဲက တစ်ခုဖြစ် ပြီး မက်ဆင်ဂျာအဖြစ် သာမက ဓာတ်ပုံနဲ့ ဗီဒီယိုတွေ မျှဝေတဲ့ နက်ဝပ်အငယ်စား တစ်ခုလိုလည်း သုံး နိုင်ပါတယ်။ တယ်လီ ဂရမ် မက်ဆင်ဂျာဟာ သုံးရလွယ်ခြင်း၊ လုံခြုံ ခြင်းနဲ့ လုပ်ဆောင်ချက်တွေကောင်းမွန်ခြင်းတို့ကြောင့် အချိန်တို အတွင်း အောင်မြင်မှုတွေရလာပြီး ကမ္ဘာတစ်ဝန်းမှာ သုံးစွဲသူ အများ အပြားရှိလာတာပါ။
တယ်လီဂရမ်မက်ဆင်ဂျာကို သုံးနေသူတွေအတွက် အသုံးဝင်တဲ့ လုပ်ဆောင်ချက်အချို့ကို ဖော်ပြလိုက်ပါတယ်။
Self-destruct
ဒီလုပ်ဆောင်ချက်က တစ်ယောက်ယောက်ဆီ စာ၊ ဓာတ်ပုံနဲ့ ဗီဒီယို တွေ ပို့ပေးတဲ့အခါမှာ ကိုယ်ကြိုက်သလို အချိန်သတ်မှတ်ပြီး ပို့ပေးနိုင် တာဖြစ်ပါတယ်။ Self-destruct လုပ်ဆောင်ချက်ကိုသုံးပြီး အချိန် သတ်မှတ် ပေးပို့လိုက်ရင် ကိုယ်သတ်မှတ်တဲ့အချိန်ပြည့်တာနဲ့ ပုံတွေ ဗီဒီယိုတွေက တစ်ဖက်လူကြည့်မရအောင် အလိုလိုပျက်သွားမှာဖြစ်ပါ တယ်။
Youtube Search
Youtube ထဲက ဗီဒီယိုတွေကို တယ်လီဂရမ်မှာ မျှဝေချင်ရင် Youtube ထဲကိုဝင်၊ Link ကို ကော်ပီယူလာပြီးမှ ပို့ရတာမျိုး လုပ်စရာမလိုတော့ ပါဘူး။ မက်ဆင်ဂျာထဲမှာတင် @youtube လို့ရိုက်ပြီး နောက်က ကိုယ်ရှာချင်တာကို စာရိုက်ထည့်ရုံနဲ့ Youtube ထဲက ဗီဒီယိုတွေကိုရှာပြီး ပြပေးမှာဖြစ်ပါတယ်။
Edit Video
တစ်ယောက်ယောက်ဆီပေးပို့မယ့် ဗီဒီယိုတွေကို မက်ဆင်ဂျာထဲ မှာပဲ တည်းဖြတ်ပေးနိုင်မယ့် လုပ်ဆောင်ချက်ပါ။ ဗီဒီယိုတည်းဖြတ်တဲ့ အက်ပလီကေးရှင်းတစ်ခုနဲ့ တည်းဖြတ်၊ အသစ်ပြန်သိမ်းပြီးမှ ပို့ရတဲ့ အလုပ်ရှုပ်တဲ့အဆင့်တွေကို ကျော်ပစ်လိုက်နိုင်ပါတယ်။ ပို့မယ့်ဗီဒီယိုရဲ့ အလင်းအမှောင်နဲ့ Contrast တွေကို မက်ဆင်ဂျာထဲမှာပဲ ပြင်ဆင်ပြီး တန်းပို့ပေးနိုင်မှာဖြစ်ပါတယ်။
Schedule Message
ဒီလုပ်ဆောင်ချက်ကတော့ စာတွေ၊ ပုံတွေကို တစ်ဖက်လူဆီ ရောက် စေချင်တဲ့အချိန်ကို သတ်မှတ်ပြီး ပေးပို့တာဖြစ်ပါတယ်။ မေ့တတ်သူ တွေအနေနဲ့ သတိရတုန်းမှာ Schedule Message နဲ့ အချိန်ရွေးပြီး စာပို့ ထားလိုက်ရင် ကိုယ်ရွေးထားတဲ့အချိန်မှာ တယ်လီဂရမ် မက်ဆင်ဂျာက အလိုအလျောက် ပို့ပေးလိုက်မှာဖြစ်လို့ စာပို့ဖို့မေ့သွားတာမျိုး ဖြစ်တော့ မှာမဟုတ်ပါဘူး။
ကျော်ဇင်ဦး