“တူယှဉ်နွှဲပျော်ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲ Season-2 ပွဲစဉ်(၁၈) Grand Final ကို မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက် Live ပြသမည်

 

နေပြည်တော်   ဒီဇင်ဘာ   ၂၉


(၇၅)နှစ်မြောက်     စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်   “တူယှဉ်နွှဲပျော်  ဂီတ ပွဲတော်” Season-2 သီချင်းဆိုပြိုင်ပွဲကို ရန်ကုန်မြို့ ပြည်လမ်းရှိ   မြန်မာ့အသံနှင့်  ရုပ်မြင်သံကြားတွင် စက်တင်ဘာ  ၂    ရက်မှစတင်ပြီး      အပတ်စဉ် သောကြာနေ့ညတိုင်း ကျင်းပလျက်ရှိရာ ဒီဇင်ဘာ ၃၀ ရက်တွင်  ပွဲစဉ်(၁၈)ကို ဆက်လက်ကျင်းပမည် ဖြစ်သည်။

 


အဆိုပါပြိုင်ပွဲများတွင် အကဲဖြတ်ဒိုင်များအဖြစ် ထပ်ဆင့်အကယ်ဒမီ ချိုပြုံး၊      စန္ဒရားမျိုးနိုင်နှင့်   တေးသံရှင်ခိုင်ဝါတို့က လည်းကောင်း၊ သရုပ်ဆောင်/တေးသံရှင်များဖြစ်ကြသည့် ဝေလျှံနှင့်  သဉ္ဇာမြင့်မိုရ် တို့က အစီအစဉ်တင်ဆက်သူများအဖြစ် လည်းကောင်း ဆက်လက်ဆောင်ရွက်ကြမည် ဖြစ်သည်။

 


ယင်းပြိုင်ပွဲသို့ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ     ရွေးချယ်ထားသည့်     ပြိုင်ပွဲဝင် သုံးဦးစီဖြင့် စုစုပေါင်း ၄၅ဦးအား အကဲဖြတ်ဒိုင်များ ၏ ရွေးချယ်မှုဖြင့် ပြိုင်ပွဲဝင်၁၀ ဦးအား စိစစ်ရွေးချယ် ခဲ့ရာမှ ယခုအခါ Grand Final ယှဉ်ပြိုင်ရန် ပြိုင်ပွဲဝင် သုံးဦး ပေါ်ထွက်လာပြီဖြစ်၍    ဒီဇင်ဘာ ၃၀ ရက်   သောကြာနေ့ညတွင်        ပြဋ္ဌာန်းတေးသီချင်းနှင့်  စိတ်ကြိုက်တေးသီချင်းသီဆိုမှုတို့ဖြင့်   ယှဉ်ပြိုင်ကြ မည်ဖြစ်ပြီး Result Show ကိုလည်း တစ်ဆက်တည်း ကျင်းပမည်ဖြစ်ရာ   MRTV – HD မှ တိုက်ရိုက်  Live  ရိုက်ကူးထုတ်လွှင့်သွားမည်ဖြစ်သည်။

 


အဆိုပါ ပြိုင်ပွဲ၏  ဒုတိယအဆင့် (Level-2) မှစ၍ အကဲဖြတ်ဒိုင်များ၏ အမှတ်ပေးမှု ၃၀ ရာခိုင်နှုန်းနှင့် ပရိသတ်များ၏ SMS Voting ပေးပို့မှု  ၇၀ ရာခိုင်နှုန်း ဖြင့် သတ်မှတ်ဆောင်ရွက်ခဲ့ရာ Grand Final အတွက် လည်း ပြိုင်ပွဲဝင်များဖြစ်ကြသော ရန်ကုန်တိုင်းဒေသ ကြီးမှ ထွန်းပပအောင် (MFO3)၊  နေပြည်တော်မှ ပူတူး (MFO9)နှင့် ဧရာဝတီတိုင်းဒေသကြီးမှ စိုးထက် အောင် (MF10) တို့အား ပြည်တွင်းတယ်လီ ဖုန်း  Operator   များမှတစ်ဆင့်   Code No 7575 သို့ ပြိုင်ပွဲဝင်၏ MF  နံပါတ်ကိုရိုက်နှိပ်၍  ပထမဆုံးပြိုင်ပွဲ ဝင် စတင်သီဆိုချိန်မှ နောက်ဆုံးပြိုင်ပွဲဝင် သီဆိုပြီး ချိန်အထိ SMS အရေအတွက်   အကန့်အသတ်မရှိ ပေးပို့နိုင်မည်ဖြစ်သည်။

 


အဆိုပါ  အစီအစဉ်ကို ၂၀၂၃ ခုနှစ်   ဇန်နဝါရီ ၁ ရက် တနင်္ဂနွေနေ့  နံနက် ၁၀ နာရီခန့်တွင်  ပြန်လည် ပြသမည် ဖြစ်ကြောင်းသိရသည်။        

သတင်းစဉ်