
နေပြည်တော် နိုဝင်ဘာ ၉
(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် “တူယှဉ် နွှဲပျော်ဂီတပွဲတော်” Season-2 သီချင်းဆိုပြိုင်ပွဲကို ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် စက်တင်ဘာ ၂ ရက်မှ စတင်ပြီးပွဲစဉ် ၁၈ ပွဲဖြင့် အပတ်စဉ် သောကြာနေ့ညတိုင်း ကျင်းပလျက်ရှိရာ ဒီဇင်ဘာ ၃၀ ရက်အထိ ဆက်လက်ကျင်းပ မည်ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲများတွင် အကဲဖြတ်ဒိုင်များအဖြစ် ထပ်ဆင့် အကယ်ဒမီချိုပြုံး၊ စန္ဒရားမျိုးနိုင် နှင့် တေးသံရှင်ခိုင်ဝါတို့ကလည်း ကောင်း၊ သရုပ်ဆောင်/တေးသံရှင် များဖြစ်ကြသည့် ဝေလျှံနှင့် သဉ္ဇာ မြင့်မိုရ်တို့က အစီအစဉ်တင်ဆက် သူများအဖြစ် လည်းကောင်း ဆောင်ရွက်လျက်ရှိကြသည် ။
ယင်းပြိုင်ပွဲသို့ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှရွေးချယ်ထားသည့် ပြိုင်ပွဲ ဝင် သုံးဦးစီဖြင့် စုစုပေါင်း ၄၅ ဦး တို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲ၏ ဒုတိယအဆင့် (Level – 2) သို့ ၁၀ ဦး တက်ရောက်လာကြရာ နိုဝင်ဘာ ၁၁ ရက် (သောကြာနေ့) ညတွင် ပွဲစဉ်(၁၁)အဖြစ် မဲပေါက် သည့် ပြဋ္ဌာန်းတေးသီချင်းများဖြင့် သီဆိုယှဉ်ပြိုင်ကြမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲ၏ ဒုတိယအဆင့် (Level-2) မှစ၍ အကဲဖြတ်ဒိုင်များ ၏ အမှတ်ပေးမှု ၃၀ ရာခိုင်နှုန်းနှင့် ပရိသတ်များ၏ SMS Voting ဖြင့် ပေးပို့မှု ၇၀ ရာခိုင်နှုန်း သတ်မှတ် ထားရှိကာ ပရိသတ်များအနေဖြင့် ပြိုင်ပွဲဝင်များဖြစ်ကြသော ကချင် ပြည်နယ်မှ မေဇီ (MFO1) ၊ ချင်း ပြည်နယ်မှ မြင့်မြတ်သူ (MFO2) ၊ ရန်ကုန်တိုင်းဒေသကြီးမှ ထွန်းပ ပအောင် (MFO3)၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ ရေဂျီးနား (MFO4) ၊ ပဲခူးတိုင်းဒေသကြီးမှ လျှမ်းထက် ကို (MFO5)၊ ကရင်ပြည်နယ်မှ ချိုသဲဦး(MFO6)၊ ကချင်ပြည်နယ် မှ လလဆွတ် (MFO7)၊ စစ်ကိုင်း တိုင်းဒေသကြီးမှ ဇင်လေး (MFO8)၊ နေပြည်တော်မှ ပူတူး (MFO9)နှင့် ဧရာဝတီတိုင်းဒေသ ကြီးမှ စိုးထက်အောင် (MF10) တို့အား အကန့်အသတ်မရှိ SMS ပေးပို့နိုင်မည် ဖြစ်ကြောင်းနှင့် ယင်းတို့၏ သီဆိုယှဉ်ပြိုင်ကြပုံ များကို လာမည့်သောကြာနေ့ ည ၈ နာရီ သတင်းများအပြီး တွင် MRTV – HD မှ တိုက်ရိုက် (Live) ရိုက်ကူးထုတ်လွှင့်သွား မည်ဖြစ်ပြီး နိုဝင်ဘာ ၁၃ ရက် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခန့် တွင် ပြန်လည်ပြသမည်ဖြစ် ကြောင်း သိရသည်။ သတင်းစဉ်