 
နေပြည်တော် အောက်တိုဘာ ၁၂
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ကို ကြိုဆိုဂုဏ်ပြုသောအား ဖြင့်        “တူယှဉ် နွှဲပျော်  ဂီတပွဲတော်” Season-2 သီချင်း ဆိုပြိုင်ပွဲကို ပွဲစဉ်(၁၈)ပွဲဖြင့် စက်တင်ဘာ ၂ ရက်မှစတင်ပြီး အပတ်စဉ် သောကြာနေ့ ညတိုင်း   ကျင်းပလျက်ရှိရာ   ဒီဇင်ဘာ ၃၀ ရက်အထိ ကျင်းပမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲများတွင်   အကဲဖြတ်ဒိုင် များအဖြစ်     ထပ်ဆင့်အကယ်ဒမီ  ချိုပြုံး၊ စန္ဒရားမျိုးနိုင်နှင့်  တေးသံရှင်ခိုင်ဝါတို့က ဆောင်ရွက်ကြမည်ဖြစ်ပြီး      မြန်မာ့အသံ တေးဂီတအဖွဲ့နှင့်  တွဲဖက်၍ သရုပ်ဆောင်/တေးသံရှင်များဖြစ်ကြသည့်     ဝေလျှံနှင့် သဉ္ဇာမြင့်မိုရ်တို့က   အစီအစဉ် တင်ဆက်သူ များအဖြစ် ဆောင်ရွက်ကြမည်ဖြစ်သည်။
ယင်းပြိုင်ပွဲသို့ နေပြည်တော်၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ   ရွေးချယ်ထားသည့်   ပြိုင်ပွဲဝင် သုံးဦးစီဖြင့် စုစုပေါင်း ၄၅ ဦး ပါဝင် ယှဉ်ပြိုင်လျက်ရှိပြီး  ပြိုင်ပွဲ၏ အုပ်စု(ဃ) ပွဲစဉ် (၇) ကို   အောက်တိုဘာ ၁၄ ရက် (သောကြာနေ့) ညတွင်     ယှဉ်ပြိုင်ကြမည် ဖြစ်ရာ   ကရင်ပြည်နယ်မှ   စောရဲရဲ၊ ကချင် ပြည်နယ်မှ   လလဆွတ်၊   မွန်ပြည်နယ်မှ ယွန်းလေး၊   မန္တလေးတိုင်းဒေသကြီးမှ ညွန့်ညွန့်ဇော်၊     ပဲခူးတိုင်းဒေသကြီးမှ မြမြသက်၊     ဧရာဝတီတိုင်းဒေသကြီးမှ  မေသဲစု၊ မကွေးတိုင်းဒေသကြီးမှ အောင်ခိုင် စိုး၊    ရှမ်းပြည်နယ်မှ   အင်ကြင်းမေနှင့် နေပြည်တော်မှ  ပူတူး စုစုပေါင်း ပြိုင်ပွဲဝင် ကိုးဦးတို့၏   ပြဋ္ဌာန်းတေးသီချင်းများဖြင့်  သီဆိုယှဉ်ပြိုင်ကြပုံများကို    ယင်းနေ့ ည ၈ နာရီသတင်းများအပြီးတွင်   MRTV – HD မှ တိုက်ရိုက် Live  ရိုက်ကူးထုတ်လွှင့် သွားမည်ဖြစ်ကြောင်းနှင့် ထိုသို့တင်ဆက်မှု ကို အောက်တိုဘာ ၁၆ ရက် (တနင်္ဂနွေနေ့)နံနက်  ၁၀ နာရီခန့်တွင်    ပြန်လည်ပြသ မည်ဖြစ်ကြောင်း သိရသည်။  
သတင်းစဉ်
 
      


