
နေပြည်တော် ဒီဇင်ဘာ ၈
စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် “တူယှဉ် နွှဲပျော် ဂီတပွဲတော်” သီချင်းဆို ပြိုင်ပွဲ အုပ်စု (၂) ပထမပွဲစဉ်ကို ဒီဇင်ဘာ ၁၀ ရက် (သောကြာနေ့) ညတွင် မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှ တိုက်ရိုက် Live ရိုက်ကူး ထုတ်လွှင့်မည်။
အဆိုပါပွဲစဉ်၌ တိုင်းရင်းသား ပြိုင်ပွဲဝင်များ ဖြစ်ကြသည့် ကြူကြူခိုင်၊ သီတာစမ်း၊ ကျော်ခိုင် စိုး၊ အောင်မြင့်သိန်း၊ အိရွှေစင်၊ ချမ်းဟိန်းဝင်းထွန်း၊ ခိုင်ဝင်းသူ၊ ထုံလှိုင်းနှင့် N လုံးလုံတို့က ယှဉ်ပြိုင် သီဆိုကြမည်ဖြစ်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ခေတ်ပေါ်တေးဂီတမှ တီးခတ်ပေး မည်ဖြစ်ကာ ဒုတိယအကြိမ်အဖြစ် ဒီဇင်ဘာ ၁၂ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင် ထပ်မံ ထုတ်လွှင့်ပြသမည်ဖြစ်သည်။
“တူယှဉ်နွှဲပျော် ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲတွင် နေပြည် တော်နှင့် ပြည်နယ်နှင့် တိုင်းဒေသ ကြီးတို့မှ တိုင်းရင်းသားညီအစ်ကို မောင်နှမသုံးဦးစီဖြင့် စုစုပေါင်း ၄၅ ဦးတို့က အဖွဲ့ ငါးဖွဲ့ခွဲ၍ အုပ်စုပွဲစဉ် ၁၀ ပွဲကို ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် လည်း ကောင်း၊ နောက်ဆုံးပွဲစဉ်နှစ်ပွဲကို ရန်ကုန်မြို့ ပြည်သာယာရှိ မြဝတီ မီဒီယာစင်တာတွင် လည်းကောင်း နိုဝင်ဘာ ၂၆ ရက်မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်အထိ အပတ် စဉ် သောကြာနေ့ညတိုင်း သီဆို ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်