
နေပြည်တော် ဖေဖော်ဝါရီ ၉
စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် “တူယှဉ်နွှဲပျော် ဂီတပွဲတော်” နောက်ဆုံးအဆင့် သီချင်းဆိုပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၁ ရက် (သောကြာ နေ့) ညတွင် ရန်ကုန်မြို့ ပြည်သာယာရှိ မြဝတီမီဒီယာ စင်တာတွင် ကျင်းပမည်ဖြစ်ရာ မြန်မာ့ရုပ်မြင်သံကြား မှ တိုက်ရိုက် Live ရိုက်ကူးထုတ်လွှင့်မည်ဖြစ်သည်။
အဆိုပါပွဲစဉ်၌ တိုင်းရင်းသားပြိုင်ပွဲဝင်များ ဖြစ် ကြသည့် စစ်ကိုင်းတိုင်းဒေသကြီးမှ MF03 ရေဂျီနား၊ မန္တလေးတိုင်းဒေသကြီးမှ MF04 ဇော်ထွေး လတ်၊ ဧရာဝတီတိုင်းဒေသကြီးမှ MF06 ဇင်သူသူ ထွန်း၊ ဧရာဝတီတိုင်းဒေသကြီး မှ MF07 ချိုမီမီဇော် နှင့် ပဲခူးတိုင်းဒေသကြီးမှ MF10 ချစ်နုတို့က ယှဉ်ပြိုင် သီဆိုကြမည်ဖြစ်ပြီး The Ensemble တေးဂီတ အဖွဲ့မှ တီးခတ်ပေးမည်ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် အကဲဖြတ်ဒိုင်များ၏ အမှတ်ပေး မှု အပြင် ပရိသတ်များအနေဖြင့် MPTနှင့် Mytel SIM Card များကို အသုံးပြု၍ Voting မဲပေးနိုင်မည်ဖြစ် ရာ မိမိတို့ကြိုက်နှစ်သက်သည့် ပြိုင်ပွဲဝင်ကို Voting Time သတ်မှတ်ချိန်အတွင်း အရေအတွက် အကန့် အသတ်မရှိဘဲ SMS ပေးပို့မဲပေးခြင်းကို MPT Sim Card များမှ ကုဒ်နံပါတ် 7522 သို့ လည်းကောင်း၊ Mytel Sim Card များမှ ကုဒ်နံပါတ် 7575 သို့ လည်းကောင်း SMS ဖြင့် ပြိုင်ပွဲဝင်၏ MF နံပါတ် ကို ရိုက်နှိပ်၍ ပေးပို့နိုင်မည်ဖြစ်သည်။
အဆိုပါ Grand Final နောက်ဆုံးပွဲစဉ်တွင် ဆုချီးမြှင့်ခြင်းအစီအစဉ်ကို တစ်ဆက်တည်း ကျင်းပမည်ဖြစ်ရာ Voting မဲရေတွက်စဉ်နှင့် အမှတ်ပေါင်းနေစဉ် နိုင်ငံကျော်တေးသံရှင်များကလည်း ပါဝင်ဖျော်ဖြေကြမည်ဖြစ်သည်။ ယင်းပြိုင်ပွဲ ကို ဒုတိယ အကြိမ်အဖြစ် ဖေဖော်ဝါရီ ၁၃ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင်လည်း ထပ်မံ ထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်