
နေပြည်တော် ဇန်နဝါရီ ၁၂
စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် “တူယှဉ် နွှဲပျော် ဂီတပွဲတော်” သီချင်းဆို ပြိုင်ပွဲ အုပ်စု(၄) ဒုတိယပွဲစဉ်ကို ဇန်နဝါရီ ၁၄ ရက် (သောကြာ နေ့) ညတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တိုက်ရိုက် Live ရိုက်ကူးထုတ်လွှင့်မည်။
အဆိုပါပွဲစဉ်၌ တိုင်းရင်းသားပြိုင်ပွဲဝင်များဖြစ်ကြသည့် ရန်ကုန် တိုင်းဒေသကြီးမှ ဝင်းမိုးအောင်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ရေဂျီ နား၊ ကယားပြည်နယ်မှ အိမ့် သရဖူ၊ မန္တလေးတိုင်းဒေသကြီးမှ ဝေဝေဖြိုး၊ ချင်းပြည်နယ်မှ ရေဗက္ကာ၊ ကချင်ပြည်နယ်မှ အဂျုံး၊ နေပြည်တော်မှ စိုင်းလင်း၊ မကွေး တိုင်းဒေသကြီးမှ မြတ်နိုးစံနှင့် ကရင်ပြည်နယ်မှ စောရဲရဲတို့က ယှဉ်ပြိုင် သီဆိုကြမည်ဖြစ်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ခေတ်ပေါ်တေးဂီတအဖွဲ့မှ တီးခတ် ပေးမည်ဖြစ်ကာ ဒုတိယအကြိမ် အဖြစ် ဇန်နဝါရီ ၁၆ ရက် (တနင်္ဂနွေ နေ့) နံနက် ၁၀ နာရီခွဲတွင် ထပ်မံ ထုတ်လွှင့်ပြသမည်ဖြစ်သည်။
“တူယှဉ် နွှဲပျော် ဂီတပွဲတော်’’ သီချင်းဆိုပြိုင်ပွဲတွင် နေပြည်တော် နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး တို့မှ တိုင်းရင်းသားညီအစ်ကို မောင်နှမသုံးဦးစီဖြင့် စုစုပေါင်း ၄၅ ဦးတို့က အဖွဲ့ငါးဖွဲ့ခွဲ၍ အုပ်စု ပွဲစဉ် ၁၀ ပွဲကို ရန်ကုန်မြို့ ပြည် လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင် သံကြားတွင် လည်းကောင်း၊ နောက်ဆုံးပွဲစဉ်သုံးပွဲကို ရန်ကုန် မြို့ပြည်သာယာရှိ မြဝတီမီဒီယာ စင်တာတွင် လည်းကောင်း၊ နိုဝင် ဘာ ၂၆ ရက်မှစပြီး အပတ်စဉ် သောကြာနေ့ညတွေမှာ Live ရိုက်ကူးထုတ်လွှင့်ပြသခဲ့ရာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၆ ရက် တနင်္ဂနွေ နေ့ ညအပါအဝင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်အထိ အပတ် စဉ် သောကြာနေ့ညတိုင်း သီဆို ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်