
အန်ကာရာ ဩဂုတ် ၁၀
တူရကီနိုင်ငံ၌ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၃၇၃၁ ဦးကို ထပ်မံတွေ့ရှိသဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၅၉၄၂၂၇၁ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
အလားတူ ကိုဗစ်-၁၉ ရောဂါကြောင့် ၁၁၇ ဦးထပ်မံသေဆုံး သဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၅၂၃၁၃ ဦးရှိလာကြောင်း သိရသည်။ လက်ရှိအချိန်တွင် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စစ်ဆေးမှု ၂၄၅၂၅၃ ကြိမ်ကို ဆောင်ရွက်နိုင်ကြောင်း သိရသည်။
တူရကီနိုင်ငံရှိ တာဝန်ရှိသူများက တရုတ်နိုင်ငံမှ ထုတ်လုပ် သော Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို နိုင်ငံ အတွင်း အရေးပေါ်သုံးစွဲရန် အတည်ပြုပြီးနောက် ဇန်နဝါရီ ၁၄ ရက်မှစတင်ပြီး နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုစတင်သည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ် ထိုးနှံပြီးစီးသူ ၄၂ ဒသမ ၁၄ သန်းကျော်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးစီးသူ ၂၉ ဒသမ ၆၃သန်းကျော် ရှိကာ တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ခြင်းအပါအဝင် ကာကွယ်ဆေးအလုံးရေ ၇၇ ဒသမ ၅၅ သန်း ကျော်ကို အသုံးပြုပြီးဖြစ်သည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- စိုးသူရ