
အန်ကာရာ ဇန်နဝါရီ ၂
တူရကီနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၆၇၃၁ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၉၅၁၉၂၈၁ ဦး ရှိလာကြောင်း တူရကီနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက ယနေ့တွင် ပြောကြား သည်။
တူရကီနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၄၅ ဦး ထပ်မံတွေ့ရှိသဖြင့် အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၈၂၅၀၆ ဦး ရှိလာကြောင်းနှင့် ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံ အသီးသီးမှ ဆင်းခွင့်ရရှိသူ ၂၃၃၂၅ ဦး ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံမှု စတင်
တူရကီနိုင်ငံသည် တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကို နိုင်ငံအတွင်း အရေးပေါ်အသုံးပြုရန် တူရကီ ကျန်းမာရေးအာဏာပိုင်များက အတည်ပြုပေးခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်ကို ဇန်နဝါရီ ၁၄ ရက်တွင် စတင် ခဲ့သည်။
လက်ရှိတွင် တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတစ်ကြိမ်ထိုးနှံ ပြီးသူ စုစုပေါင်း ၅၆ ဒသမ ၉၂ သန်းကျော် ရှိကြောင်း၊ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံ ပြီးသူစုစုပေါင်း ၅၁ ဒသမ ၆၂ သန်းကျော် ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးအလုံးရေ စုစုပေါင်း ၁၃၁ ဒသမ ၉၃ သန်းကျော် အသုံးပြုပြီးဖြစ်ကြောင်း တူရကီ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်