
အန်ကာရာ ဧပြီ ၁၁
တူရကီနိုင်ငံ အရှေ့ပိုင်း၌ ဧပြီ ၁၁ ရက်က ယာဉ်မတော်တဆမှုဖြစ်ပွား သဖြင့် လေးဦးသေဆုံးပြီး ၂၅ ဦးဒဏ်ရာရရှိကြောင်း အနာဒိုလူ သတင်း အေဂျင်စီက ထုတ်ပြန်ဖော်ပြထားကြောင်း သိရသည်။
ဘစ်လစ် ပြည်နယ်အရှေ့ပိုင်း အဒယ်ဆီဗက်ဇ် ပြည်နယ်တွင် ယာဉ် မတော်တဆမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မီနီဘတ်စ်ကားတစ်စီးမှာ လမ်းဘေးရှိ အညစ်အကြေးပုံကို တိုက်မိပြီး လမ်းဘေးနေရာ၌ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ အေဂျင်စီက ထုတ်ပြန်ထားသည်။
ယာဉ်မတော်တဆမှုတွင် တူရကီနိုင်ငံအတွင်းသို့ ဝင်ရောက်လာ သည့် တရားမဝင်နေထိုင်သူလေးဦး သေဆုံးခဲ့ပြီး ယာဉ်မောင်းနှင်သူ အပါအဝင် ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တူရကီနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ရှေးဦးသူနာပြုများသည် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ကာ ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
တူရကီနိုင်ငံသည် ဒုက္ခသည် လေးသန်းကျော်ကို လက်ခံထားရှိပြီး ၃ ဒသမ ၇ သန်းမှာ ဆီးရီးယားလူမျိုးများဖြစ်ကြောင်း တရားဝင်စာရင်း ဇယားဖော်ပြချက်များအရ သိရသည်။
ဆင်ဟွာ