တူနီးရှားနိုင်ငံကမ်းရိုးတန်း၌ လှေနစ်မြုပ်၊ ရွှေ့ပြောင်းနေထိုင်သူ ၃၄ ဦး ပျောက်ဆုံးနေ

 

တူနစ်  မတ်  ၂၅


တူနီးရှားနိုင်ငံ၏ အရှေ့တောင်ပိုင်း ကမ်းရိုးတန်း၌ မတ် ၂၄ ရက်က ရွှေ့ပြောင်းနေထိုင်သူ    ၃၄    ဦး လိုက်ပါသည့် လှေတစ်စင်းနစ်မြုပ် သွားကြောင်း  အက်စ်ဖက်ပြည်နယ် မှ   တရားရေးအရာရှိ  တစ်ဦးက ပြောကြားသည်။


အာဖရိကနိုင်ငံများမှ ရွှေ့ပြောင်း နေထိုင်သူ ၃၈ ဦးကို တင်ဆောင် လာသည့်  အဆိုပါလှေသည် မတ် ၂၃  ရက်က  အဆိုပါပြည်နယ်မှ ထွက်ခွာခဲ့ပြီး ဥရောပကမ်းခြေသို့ ဦးတည်သွားခဲ့ကြောင်း အက်စ်ဖက် တရားရုံးမှ   ပြောရေးဆိုခွင့်ရှိသူ ဖာရိုဇီမတ်မူဒီက    တွစ်တာတွင် ပြောကြားသည်။


ရွှေ့ပြောင်းနေထိုင်သူ လေးဦး ကို  ကယ်ဆယ်ခဲ့ပြီး  ပျောက်ဆုံး နေသူများကို        ရှာဖွေနေဆဲ ဖြစ်ကြောင်း မတ်မူဒီက မှတ်ချက် ပြုပြောကြားသည်။


တူနီးရှားနိုင်ငံသည်   မြေထဲ ပင်လယ်အလယ်ပိုင်းတွင် တည်ရှိ ပြီး တရားမဝင် ရွှေ့ပြောင်းနေထိုင် သူများ  ဥရောပသို့ ဝင်ရောက်ရန် ကြိုးပမ်းသည့်    အဓိကနေရာ ဖြစ်ကြောင်း သိရသည်။

ဆင်ဟွာ