
တူးနစ် ဒီဇင်ဘာ ၁၇
တူနီးရှားနိုင်ငံသားများသည် ဒီဇင်ဘာ ၁၇ ရက်တွင် ဥပဒေပြုရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခြင်းစတင်ခဲ့ ကြောင်း သိရသည်၊။ တူနီးရှားနယ်မြေ၌ မဲရုံ ၁၁၃၁၀နှင့် မဲပေးစင်တာ စုစုပေါင်း ၄၅၅၁ ခု ဖွင့်လှစ်ထား ကြောင်း လွတ်လပ်သောရွေးကောက်ပွဲအတွက် အဆင့်မြင့်အာဏာပိုင်အဖွဲ့(အိုင်အက်စ်အိုင်အီး) က ပြောကြားသည်။
လုံခြုံရေးအစီအမံတင်းကျပ်ထားမှုနှင့်အတူ နိုင်ငံတစ်ဝန်းရှိ မဲရုံများကို မဲဆန္ဒရှင်များအတွက် ဒေသ စံတော်ချိန် နံနက် ၈ နာရီတွင် ဖွင့်လှစ်ခဲ့ပြီး ညနေ ၆ နာရီအထိ ဆက်လက်မဲပေးရန် စီစဉ်ထားကြောင်း သိရသည်။
ဥပဒေပြုရေးရွေးကောက်ပွဲများအတွက် ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ စုစုပေါင်းအရေအတွက်မှာ ၁၀၅၈ ဦးရှိပြီး လွှတ်တော်တွင် ထိုင်ခုံနေရာ ၁၆၁ ခုအတွက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ပါလီမန်ရွေးကောက်ပွဲများ၏ ပဏာမရလဒ်ကို ဒီဇင်ဘာ ၁၈ ရက်နှင့် ၂၀ ရက်အတွင်း ကြေညာသွား မည်ဖြစ်ကြောင်း သိရသည်။ တူနီးရှားသမ္မတ ခါရစ်ဆိုင်းဒ်သည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ သို့မဟုတ် တူနီးရှားလွှတ်တော်ကို ဖျက်သိမ်းသွားမည်ဟု မတ် ၃၀ ရက်က ကြေညာခဲ့သည်။ ဆင်ဟွာ