“တူနှစ်ကိုယ်တိုင်းပြည်” တေးဂီတဖျော်ဖြေပွဲ  မြန်မာ့ရုပ်မြင်သံကြား၌ ပြသမည်

 

နေပြည်တော်   မေ   ၄
ပြည်သူများ   အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အား သစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားမှ ဖျော်ဖြေ ရေး   အစီအစဉ်များကို  တိုးမြှင့်     တင်ဆက်လျက်ရှိရာ  “တူနှစ်ကိုယ် တိုင်းပြည်” တေးဂီတဖျော်ဖြေပွဲ ကို  မေ  ၆  ရက်၊  သောကြာနေ့ ည  ၈ နာရီ သတင်းအပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့် ပြသမည်ဖြစ်သည်။
ယင်းအစီအစဉ်ကို ရွှေစင်ကြယ် တီးခတ်မှုနှင့်အတူ တေးသံရှင်များ      ဖြစ်ကြသည့် မိုးယံဇွန်၊ သွန်းရွှေလျှံ၊ စောဒယ်နီယယ်၊ ဈာန်ထူး၊   ရဲရင့် ဝေလွင်၊   သဉ္ဇာမြင့်မိုရ်၊   မေထူး ကျော်၊ ယဉ်လက်နှင့် ပုလဲသန့် သွယ်တို့က ဖျော်ဖြေတင်ဆက်ကြ မည်ဖြစ်သည်။
ထိုသို့ တင်ဆက်မှုကို မေ ၈ ရက်    (တနင်္ဂနွေနေ့)    နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ထပ်မံ  ထုတ်လွှင့်ပြသမည်ဖြစ် ကြောင်း သိရသည်။   
 သတင်းစဉ်