
အန်ကာရာ အောက်တိုဘာ ၁၅
တူကီယဲသမ္မတနိုင်ငံ မြောက်ပိုင်း ကျောက်မီးသွေးတွင်း တစ်ခု၌ ပေါက်ကွဲမှု တစ်ခုဖြစ်ပွားရာ ၂၅ ဦးထက်မနည်း သေဆုံးကြောင်း သိရသည်။ အဆိုပါ ပေါက်ကွဲမှုမှာ အောက်တိုဘာ ၁၄ ရက်က အမစ် ရာမြို့မြောက်ပိုင်းရှိ သတ္တုတွင်း တစ်ခုတွင် ဖြစ်ပွားခြင်း ဖြစ်သည်။ ပေါက်ကွဲမှုကြောင့် ၂၅ ဦး သေဆုံးပြီး ၁၁ ဦးမှာ ဆေးကုသမှု ခံယူနေကြောင်း ဒေသတွင်း အာဏာပိုင်များက ပြောကြား သည်။
တူကီယဲ သမ္မတနိုင်ငံ ပြည်ထဲရေးဝန်ကြီး ဆုလေမန် ဆွိုင်းလုက သတ္တုတွင်းသို့ သွား ရောက်ခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွား နေချိန်တွင် အလုပ်သမား ၁၁၀ ရှိ ကြောင်း၊ အချို့မှာ ပိတ်မိနေဆဲ ဖြစ်၍ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း ပြောကြား သည်။
တူကီယဲသမ္မတ ရီဆက် တေရစ်အာဒိုဂန်က အောက်တို ဘာ ၁၅ ရက်တွင် အခြေအနေကို စစ်ဆေးရန် သတ္တုတွင်းသို့ သွား ရောက်မည်ဖြစ်ကြောင်း၊ အခင်း ဖြစ်ပွားရသည့် အကြောင်းရင်းကို ဖော်ထုတ်ရန် အစိုးရအနေဖြင့် ကြိုးပမ်းသွားမည်ဟု ကတိပြု ပြောကြားသည်။
၂၀၁၄ ခုနှစ်က တူကီယဲ သမ္မတနိုင်ငံ ဆိုမာမြို့အနောက် ပိုင်း ကျောက်မီးသွေးတွင်းတစ်ခု ၌ ပေါက်ကွဲမှုဖြစ်ပွားရာ ၃၀၁ ဦး သေဆုံးကြောင်း သိရသည်။ အဆိုပါ ကပ်ဘေးကြောင့် သမ္မတ အာဒိုဂန်၏ အစိုးရကို ဆန့်ကျင် သည့် နိုင်ငံတစ်ဝန်း ဆန္ဒပြမှု များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ