တူကီယဲနှင့် ဆီးရီးယားတို့တွင် လှုပ်သွားသည့် ငလျင်ကြောင့် သေဆုံးသူဦးရေ ၉၆၀၀ ကျော်ထိရှိလာ

 

အင်ကာရာ   ဖေဖော်ဝါရီ   ၈
ဖေဖော်ဝါရီ ၆ ရက်က တူကီယဲနှင့် ဆီးရီးယားတို့တွင် ကြောက်မက် ဖွယ်   ငလျင်လှုပ်ခဲ့ပြီးနောက်    အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေသည့်  ကယ်ဆယ်ရေးလုပ်ငန်းများ  ဆက်လက်လုပ်ဆောင် လျက်ရှိသည်။ ကြမ်းတမ်းပြင်းထန်လှသည့် ဆောင်းတွင်းကို အန်တု ရင်း  ကယ်ဆယ်ရေးလုပ်ငန်းများ   လုပ်ဆောင်နေရသည်။  ယခုအခါ ငလျင်ဒဏ်ကြောင့်  သေဆုံးသူဦးရေမှာလည်း  ၉၆၀၀  ကျော်ထိ  ရှိလာပြီဖြစ်သည်။ အကူအညီပေးရေးအုပ်စုများသည် ကယ်ဆယ်ရေး စခန်းများမှ    လူများကို    အစားအသောက်များ   အခမဲ့ဖြန့်ဝေပေး လျက်ရှိသည်။ 
ပြင်းအား ၇ ဒသမ ၈ မဂ္ဂနီကျုရှိသည့် ငလျင်သည် ဆီးရီးယား နိုင်ငံနယ်စပ် တူကီယဲနိုင်ငံတောင်ပိုင်းတွင် လှုပ်ခဲ့ပြီးနောက် ပြင်းထန် သည့်  ငလျင်ငယ်များလည်း ဆက်လက်လှုပ်ခဲ့သည်။ ငလျင်ကြောင့် သေဆုံးသူ ၇၁၀၀ ကျော်ရှိပြီး ဒဏ်ရာရရှိသူ ၄၀၀၀၀  ကျော်ရှိသည်ဟု တူကီယဲအစိုးရက    အတည်ပြုထားသည်။     ပျက်စီးသွားသည့် အဆောက်အအုံပေါင်းမှာမူ ၅၇၀၀ ရှိကြောင်း သိရသည်။ 
ဆီးရီးယားနိုင်ငံတွင်မူ           နိုင်ငံအနောက်မြောက်ပိုင်းတွင် သေဆုံးသူ  ၁၂၅၀ ရှိသည်ဟု ဆီးရီးယား ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။ တူကီယဲသမ္မတ  ရီဆက်တေရစ်အာဒိုဂန်သည်  ပြည်နယ် ၁၀ ခုကို အရေးပေါ် အခြေအနေအဖြစ် ကြေညာထားသည်။ လူပေါင်း ၂၃ သန်းမှာ ငလျင်ကြောင့်ဘေးဒုက္ခခံစားရဖွယ်ရှိသည်ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့မှ အရာရှိများက ပြောသည်။
အင်န်အိတ်ချ်ကေ