
အန်ကာရာ ဖေဖော်ဝါရီ ၂၂
ယခုလအစောပိုင်း၌ တူကီယဲနိုင်ငံတောင်ပိုင်းတွင် အင်အားပြင်းထန်သည့် ငလျင်ကြောင့် အပျက်အစီး တန်ချိန်ပေါင်း ၁၁၆ သန်းမှ သန်း ၂၁၀ အထိ ဖယ်ရှားရှင်းလင်းရန် လိုအပ်ကြောင်း ကုလသမဂ္ဂအေဂျင်စီ က ခန့်မှန်းထားသည်။
ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်သည် ဖေဖော်ဝါရီ ၂၁ ရက်က တူကီယဲနိုင်ငံ၌ သက်သာချောင်ချိရေးကိစ္စရပ်များနှင့် ပတ်သက်၍ အစည်းအဝေးပြုလုပ်ခဲ့သည်။ တူကီယဲအစိုးရ၏ ကွင်းဆင်းလေ့လာမှုများနှင့် ဂြိုဟ်တုပုံရိပ်များကို အခြေခံကာ အပျက်အစီးများကို ခန့်မှန်းထားခြင်း ဖြစ်သည်။
အဆိုပါစာရင်းအရ ပျက်စီးသွားသည့် အဆောက် အအုံ သို့မဟုတ် ပြိုကျပျက်စီးခါနီးအဆောက်အအုံ ပေါင်း ၁၁၈၀၀၀ ရှိပြီး ၎င်းတို့ကို ဖျက်ဆီးပစ်ရန် လိုအပ်သည်ဟု သိရသည်။ လူပေါင်း ၁ ဒသမ ၅ သန်းကို အိုးမဲ့အိမ်မဲ့ဖြစ်စေပြီး နောက်ထပ်နေအိမ် သစ်ပေါင်း ၅၀၀၀၀၀ ဆောက်လုပ်ရန် လိုအပ်သည် ဟု ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်မှ တူကီယဲဆိုင်ရာ ကိုယ်စားလှယ် လူဝီဆာဗင်တန်က ပြောသည်။
အပျက်အစီးများကို လျင်မြန်စွာ ဖယ်ရှားပစ်ရ မည်ဖြစ်ပြီး သို့မှသာ စီးပွားရေးအသိုက်အဝန်းသစ် များ ပြန်လည်တည်ဆောက်နိုင်မည်ဖြစ်သည်ဟု ၎င်းကပြောသည်။
ထိုစဉ် ငလျင်ဘေးဒဏ်ခံဒေသမှ ပြည်သူများမှာ ၎င်းတို့ဘဝ ပြန်လည်တည်ဆောက်ရေးအတွက် ခက်ခဲစွာ ရုန်းကန်နေရသည်။ အများပြည်သူအိမ်ရာ ပေါင်း ၂၇၀၀၀၀ ကို တည်ဆောက်ရန် စီစဉ်ထား ကြောင်း တူကီယဲအစိုးရက ပြောသည်။
အင်န်အိတ်ချ်ကေ